မော်စကို ၊ ဒီဇင်ဘာ ၁၄ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်သည် ဆီးရီးယားနိုင်ငံ Tartus ဆိပ်ကမ်း၌ အနည်းဆုံး ၄၉ နှစ်ကြာ ဖွင့်လှစ်ခွင့်ရမည့် ရေတပ်အခြေစိုက်စခန်းတစ်ခုကို ဆီးရီးယားနိုင်ငံနှင့်အတူ တည်ဆောက်သွားရန် ဒူးမားလွှတ်တော်သို့တင်ပြထားကြောင်း သိရသည်။
မော်စကို ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသမ္မတ ဗလာတီမာ နှင့် တရုတ်နိုင်ငံစစ်တပ် ထိပ်တန်းအဆင့်မြင့်အရာရှိတစ်ဦး တို့ ဒီဇင်ဘာလ ၇ ရက်တွင် တွေ့ဆုံစဉ် တရုတ်-ရုရှား နှစ်နိုင်ငံစစ်တပ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မော်စကို ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ ဒမတ်စ်ကက်စ်မြို့ရှိ ရုရှားသံရုံးအား နောက်ဆုံး အကြိမ် မော်တာကျည်ဆံဖြင့် တိုက်ခိုက်ခံရပြီး သံရုံးအတွင်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရသည့် ကိစ္စ နှင့်ပတ်သက်၍ ရုရှားနိုင်ငံက နိုဝင်ဘာ ၂ဝ ရက်တွင် ပြစ်တင်ရှုတ်ချ လိုက်သည်။
မော်စကို၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အရှေ့ဖျားဒေသတွင် လေယာဉ် တစ်စင်း ပျက်ကျပြီးနောက် လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ ခြောက်ဦး သေဆုံးခဲ့ပြီး အသက် လေးနှစ်အရွယ် မိန်းကလေး တစ်ဦး အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း Khabarovsk နယ်မြေ အာဏာပိုင်များက နိုဝင်ဘာလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် စစ်လက်နက်များ နှင့် စစ်အသုံးအဆောင်ကိရိယာပစ္စည်းများ တင်ပို့ရောင်းချခြင်းမှ တဆင့် ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဝင်ငွေအမေရိကန် ဒေါ်လာ ၁၅.၃ ဘီလီယံအထိ ရောက်ရှိနိုင်ကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က နိုဝင်ဘာ ၇ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
မော်စကို ၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ) ဆီးရီးယားစစ်တပ်အား ကျောထောက်နောက်ခံပေးထားသည့် ရုရှားစစ်လေယာဉ်များ၏ တိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံ အနောက်ဘက်ကမ်းခြေတွင် ပြီးခဲ့သော နှစ်ရက်တာအတွင်း အိုင်အက်စ်အကြမ်းဖက်သမား ၃ဝ၄ ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၃ ရက်တွင်ပြောကြားခဲ့သည်။
မော်စကို ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့၌ အိုင်အက်စ်(IS) အကြမ်းဖက်အုပ်စုမှ အဖွဲ့ဝင်များကို ဖမ်းဆီးရမိကြောင်း ရုရှားနိုင်ငံပြည်ထောင်စု လုံခြုံရေးတပ်ဖွဲ့(FSB) က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ ပြည်ထောင်စု လုံခြုံရေးတပ်ဖွဲ့(FSB) က နိုင်ငံအတွင်း အကြမ်းဖက်မှု ကျူးလွန်ရန် ကြံစည်နေသည့် အလယ်အာရှသား နှစ်ဦးကို သြဂုတ်လ ၃၁ ရက်တွင် သီးခြားစီ ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ကိဗ် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ)
မော်စကို ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၌ ဇူလိုင် လကုန်ပိုင်းတွင် ကျင်းပမည့် နှစ်ပတ်လည် စစ်တပ်ဂိမ်းများပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ကမ္ဘာ့နိုင်ငံပေါင်း ၂၂ နိုင်ငံမှ စစ်သားပေါင်း ၁၂ဝဝ ကျော်သည် ရုရှားနိုင်ငံသို့ရောက်ရှိလာကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဇူလိုင် ၂၄ ရက်)တွင် ပြောကြားခဲ့သည်။