Connect with us

Eastern Europe

NATO တပ်ဖွဲ့ စစ်ရေးလေ့ကျင့်နေချိန်တွင် ရုရှားနျူကလီးယား ဒုံးကျည်တပ် ခရုဇာစစ်သင်္ဘော Barents ပင်လယ်သို့ဝင်ရောက်

ရုရှားနိုင်ငံ၏ နျူကလီးယား ဒုံးကျည်တပ် ခရုဇာ စစ်သင်္ဘော Peter the Great အားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ၏ အကြီးစား နျူကလီးယားဒုံးကျည်တပ် ခရုဇာစစ်သင်္ဘော Peter the Great သည် နိုင်ငံ မြောက်ပိုင်း Barents ပင်လယ်သို့နိုဝင်ဘာ ၃ ရက်က စစ်ရေးလေ့ကျင့်ရေးအစီအစဉ်အတွက်ဝင်ရောက် သွားခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

ခရုဇာစစ်င်္ဘောပေါ်မှ တပ်ဖွဲ့ဝင်များသည် ရေငုပ်သင်္ဘောချေမှုန်းရေး နှင့် လေကြောင်းရန်ကာကွယ်ရေး အတွဲလိုက် လေ့ကျင့်မှု အစီအစဉ်တစ်ခုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊ လက်တွေ့ကျကျစစ်လက်နက်များကို အသုံးပြုခြင်းနှင့်အတူ လေ့ကျင့်မှု အစီအစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ရုရှားနိုင်ငံမှ Tu-142 ရေငုပ်သင်္ဘောချေမှုန်းရေး လေယာဉ် နှစ်စင်းသည်နိုဝင်ဘာ ၂ ရက်က နော်ဝေပင်လယ်၏ ကြားခံရေပိုင်နက်အတွင်း လေကြောင်းကင်းလှည့်မှု ၁၂ နာရီကျော်ကြာ ပြုလုပ်ခဲ့ကြောင်း နှင့် လေယာဉ်များသည် နိုင်ငံတကာဥပဒေနှင့်အညီ ပျံသန်းမှုပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၃ ရက်က ထုတ်ပြန်သည့် အခြားကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

ယခုရက်သတ္တပတ်အစောပိုင်းက Tu-160 မဟာဗျူဟာမြောက် ရုရှားဗုံးကျဲလေယာဉ်နှစ်စင်းသည် နော်ဝေပင်လယ် နှင့် Barents ပင်လယ်တို့၏ ကြားခံရေပိုင်နက်အတွင်း ကင်းလှည့်မှု ၁ဝ နာရီကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။NATO စစ်မဟာမိတ်အဖွဲ့သည် Trident Juncture 2018 ဟုအမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှုတစ်ခုကို နော်ဝေနိုင်ငံ၌ အောက်တိုဘာ ၂၅ ရက် မှ နိုဝင်ဘာ ၇ ရက်အထိ ပြုလုပ်လျက်ရှိပြီး ယင်းမှာ စစ်အေးခေတ်နောက်ပိုင်းအကြီးဆုံး စစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်ကြောင်း သိရသည်။အဆိုပါ လေ့ကျင့်မှုတွင် နေတိုးအဖွဲ့ဝင် ၂၉ နိုင်ငံမှ တပ်ဖွဲ့ဝင် ၅ဝ,ဝဝဝ ခန့်ပါဝင်ပြီး မိတ်ဖက်နိုင်ငံများဖြစ်ကြသည့် ဆွီဒင် နှင့် ဖင်လန်နိုင်ငံတို့ကလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း နှင့် လေယာဉ် ၂၅ဝ စင်း ၊ သင်္ဘော ၆၅ စင်း နှင့် မော်တော်ကား ၁ဝဝဝဝကျော်ပါဝင်ကြောင်း သိရသည်။(Xinhua)