Connect with us

Eastern Europe

အာဖဂန်နစ္စတန်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာဆွေးနွေးပွဲတစ်ခုကို ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပရန်ရှိ

အာဖဂန်နစ္စတန်နိုင်ငံတွင် လုံခြုံရေးကင်းလှည့်နေသော အာဖဂန်တပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံအရေးနှင့်ပတ်သက်၍ ဒုတိယနိုင်ငံခြားရေးဝန်ကြီးများအဆင့် နှင့် အထူးကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြမည့် နိုင်ငံတကာဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၉ ရက်တွင် ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃ ရက်တွင်ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့အာဖဂန်နစ္စတန်၊ အိန္ဒိယ ၊ အီရန် ၊ ကာဇက်စတန် ၊ Kyrgyzstan ၊ တရုတ် ၊ ပါကစ္စတန် ၊ တာဂျစ်ကစ္စတန် ၊ တာမင့်နစ္စတန် ၊ ဥဇဘတ်ကစ္စတန် နှင့် အမေရိကန်နိုင်ငံတို့ကို ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

အာဖဂန်သမ္မတ Ashraf Ghani က အဆိုပါဆွေးနွေးပွဲသို့ကိုယ်စားလှယ်တစ်ဦးစေလွှတ်သွားမည်ဖြစ်ပြီး ဒိုဟာမြို့ရှိ တာလီဘန်နိုင်ငံရေးဆိုင်ရာရုံးကလည်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာဆွေးနွေးပွဲကို ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ဆွေးနွေးပွဲကို ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Sergei Lavrov က ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။(Xinhua)