Connect with us

Eastern Europe

ရုရှားက ဟောလီးဝုဒ်နာမည်ကျော်မင်းသားကြီး စတီဗင်ဆေးဂဲလ်အား လူသားချင်းစာနာမှု အထူးသံတမန် အဖြစ်ခန့်အပ်

ဟောလီးဝုဒ်မင်းသားကြီး စတီဗင်ဆေးဂဲလ် အားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဟောလီးဝုဒ်ရုပ်ရှင်မင်းသားကြီး စတီဗင်ဆေးဂဲလ်(Steven Seagal) အား ရုရှား-အမေရိကန် နှစ်နိုင်ငံ လူသားချင်းစာနာမှုဆက်ဆံရေး ၊ ဘုံယဉ်ကျေးမှု နှင့် သမိုင်းဝင်အမွေအနှစ် ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သြဂုတ် ၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

“ သူ့မှာ ရှိတဲ့အရည်အချင်းသစ်တွေနဲ့ စတီဗင်ဆေးဂဲလ်ဟာ ယဉ်ကျေးမှု ၊ အနုပညာ၊ သိပ္ပံ ၊ ပညာရေး ၊ အားကစား ပြည်သူလူထုနဲ့လူငယ်အပြန်အလှန်ဖလှယ်ရေး စတဲ့ကဏ္ဍတွေကို ရုရှားပိုင်နက်ထဲမှာရော ပြင်ပမှာပါ အမေရိကန်နိုင်ငံနဲ့ နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှု ရှေ့ဆက်အကောင်အထည်ဖော်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဖို့ဆောင်ရွက်နိုင်မယ်လို့မျှော်လင့်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆေးဂဲလ်၏ တာဝန်ဝတ္တရားများထဲတွင် အမေရိကန်နိုင်ငံအတွင်းရှိ ရုရှားနိုင်ငံ၏ အောက်မေ့ဖွယ်နေရာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင့် ရုရှား-အမေရိကန် ဘုံသမိုင်းကြောင်းအမွေအနှစ်များ လူသိများအောင်ပြုလုပ်ခြင်း နှင့် လေ့လာသင်ကြားခြင်း မြှင့်တင်ရေးများလည်း ပါဝင်ကြောင်းသိရသည်။

“ ရုရှား-အမေရိကန် နှစ်နိုင်ငံ လူသားချင်းစာနာမှုဆက်ဆံရေးများအတွက် အထူးကိုယ်စားလှယ်တစ်ယောက်လုပ်ဖို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ခန့်အပ်တာဝန်ပေးမှုအပေါ် အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်” ဟု ဆီးဂဲလ်က တွစ်တာလူမှုကွန်ရက်တွင်ရေးသားခဲ့သည်။“ ကမ္ဘာကြီးမှာ အပေါင်းလက္ခဏာရလဒ်တွေ ထွက်ပေါ်လာဖို့၊သဟဇာတဖြစ်ဖို့နဲ့ငြိမ်းချမ်းဖို့အတွက် ကျွန်တော်တို့လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။ ဒီတာဝန်ကို အထူးအလေးအနက်ထား ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ရေးသားခဲ့သည်။အသက် ၆၆ နှစ်အရွယ်ရှိ အမေရိကန်ရုပ်ရှင်မင်းသားကြီးအား ၂ဝ၁၆ ခုနှစ်တွင် ရုရှားနိုင်ငံသားဖြစ်ခွင့်ကို သမ္မတပူတင်က ပေးအပ်ခဲ့ခြင်းဖြစ်သည်။(Xinhua)