Connect with us

Europe

ကနေဒါ ရဲအရာရှိ ၂၀ ကျော် အီရတ်သို့ စေလွှတ်

ကနေဒါ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အော့တဝါ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံက နောက်ထပ် ရဲအရာရှိ ၂၀ ဦးကျော်အား အီရတ်နိုင်ငံ တည်ငြိမ်ရေးအတွက် ကူညီရန် ပေးပို့ခဲ့ကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက သြဂုတ်လ ၉ ရက်တွင် ပြောကြားခဲ့သည်။

ကနေဒါ ရဲအရာရှိများသည် Daesh ၏ လက်မှ ပြန်လည်လွတ်မြောက်လာသော နယ်မြေတွင် ဒေသခံ ရဲတပ်ဖွဲ့ တာဝန် ပြန်လည် တည်ထောင်ရာတွင် ကူညီခြင်းနှင့် အီရတ် ရဲအရာရှိများအား သင်တန်းပို့ချခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။ ယင်း နယ်မြေ၌ အီရတ် ရဲတပ်ဖွဲ့ဝင် အင်အား ၆၀၀၀၀၀ ခန့်ရှိကြောင်း ယင်းအနက် တပ်ဖွဲ့ဝင် ၁၀၀၀၀ မှ ၁၂၀၀၀ ဦးမှာ အမျိုးသမီးများဖြစ်ကြောင်း သိရသည်။

အဆိုပါ နယ်မြေအား အိုင်အက်စ်အုပ်စုဖြစ်သော Daesh က သိမ်းပိုက်ထားခြင်း ဖြစ်ပြီး ရဲဋ္ဌာန အဆောက်အအုံ ၈၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ ပျက်စီးသွားခဲ့သည်။

Daesh အဖွဲ့အား ချေမှုန်းရန် အီတလီ ဦးဆောင်သော Carabinieri ရဲတပ်ဖွဲ့ လေ့ကျင့်ရေး သင်တန်း အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့နှင့်အတူ ကနေဒါ ရဲတပ်ဖွဲ့ကလည်း ပါဝင်နေခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်က အီရတ်နှင့် ဆီးရီးယား၌ ဒေသတွင်း လုံခြုံရေးတပ်ဖွ့ဲများအတွက် ထောက်ပံ့မှု နှင့် တရားဥပဒေစိုးမိုးရေး စွမ်းဆောင်မှု တည်ဆောက်ခြင်းနှင့် သင်တန်းပေးခြင်း စသည်တို့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကနေဒါက ကြေညာခဲ့သည်။ ယင်း ဒေသတွင်း တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး ထောက်ပံ့မှု ဆောင်ရွက်ခြင်းများ ပူးတွဲလုပ်ဆောင်ရန်အတွက် ကနေဒါ ရဲအရာရှိ ၁၅၀ ဦးအား စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.