Connect with us

Europe

လန်ဒန်က ဈေးဆိုင် တစ်ခုအတွင်း ဘတ်စ်ကား ဝင်တိုက်မှုကြောင့် လူ ၆ ဦး ဒဏ်ရာရ

ဈေးဆိုင် တစ်ခုအတွင်းသို့ ဝင်တိုက်ခဲ့သည့် နှစ်ထပ် ဘတ်စ်ကားအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လန်ဒန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ)

သြဂုတ်လ ၁၀ ရက်က လန်ဒန် တောင်ပိုင်းရှိ ဈေးဆိုင် တစ်ခုအား နှစ်ထပ် ဘတ်စ်ကား တစ်စီး ဝင်တိုက်မှုကြောင့် လူ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ခရီးသည် နှစ်ဦးမှာ ဘတ်စ်ကား အပေါ်ထပ်တွင် ပိတ်မိနေခဲ့ကြောင်း လန်ဒန် လူနာတင်ကား ဝန်ဆောင်မှုလုပ်ငန်းက ပြောသည်။

အဆိုပါ ကားတိုက်မှုကြောင့် လူနာ ၆ ဦးအား ကုသပေးခဲ့ရကြောင်း မတော်တဆမှုဖြစ်ပြီးနောက် ထုတ်ပြန်သည့် ကြေညာချက်၌ လန်ဒန် လူနာတင်ကား ဝန်ဆောင်မှုလုပ်ငန်းက ဆိုသည်။

ဘတ်စ်ကား အပေါ်ထပ်တွင် ပိတ်မိနေသော ခရီးသည် နှစ်ဦးအား ကယ်ဆယ်ရေးသမားများက ကြိုးစား ဆွဲထုတ်ခဲ့ရကြောင်းနှင့် မတော်တဆမှု ဖြစ်ရခြင်းအကြောင်းရင်းအား စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.