Connect with us

Europe

ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် တွေ့ဆုံဆွေးနွေး


မော်စကို၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ပူတင်သည် စက်တင်ဘာ ၁၈ ရက် ညနေက မော်စကိုမြို့ ကရင်မလင်နန်းတော် တွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝန်ကြီးချုပ်လီခဲ့ချန်က ပထဦးစွာ သမ္မတရှီ၏နှုတ်ခွန်းဆက်စကားကို ပြောကြားခဲ့သည်။ထို့နောက် ဝန်ကြီးချုပ် လီခဲ့ချန်က တရုတ်-ရုရှား နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံကြီး ဖြစ်ကြောင်း ၊ ယခုနှစ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ် ၇၀ ပြည့် အခါ သမယဖြစ်ကြောင်း ၊ မကြာသေးမီကလည်း ခေတ်သစ်မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး အဖြစ် တိုးမြှင့်ရန် နှစ်နိုင်ငံ ခေါင်းဆောင် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ရာ ယခု ၂၄ ကြိမ်မြောက် တရုတ်-ရုရှား နှစ်နိုင်ငံဝန်ကြီးချုပ် ပုံမှန်အစည်းအဝေးတွင်လည်း ကဏ္ဍစုံပူးပေါင်းဖလှယ်မှု ဘက်စုံစီမံကိန်းရေးဆွဲရာ ရလဒ်သစ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတက်မှုသည် နှစ်နိုင်ငံကိုသာမက ဒေသနှင့်ကမ္ဘာအတွက် အကျိုးရှိစေကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် ရုရှားနိုင်ငံနှင့်အတူ ခိုင်မာသည့် ချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းသွားကာ ပူးပေါင်းဖလှယ်မှုများကို တိုးမြှင့်ဆောင်ရွက်သွားပြီး ကုလသမဂ္ဂအား ဗဟိုပြုသည့် နိုင်ငံတကာ စနစ်နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းစည်းကမ်းများကို အခြေခံသည့် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံ ကုန်သွယ်ရေးစနစ်ကို ကာကွယ်သွားလိုကြောင်း ၊ ၎င်းမှာ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေးနှင့်တည်ငြိမ်အေးချမ်းရေးကို တိုးမြှင့်ရာတွင် အရေးပါကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှု အလားအလာကျယ်ပြန့်လျက်ရှိရာ တရုတ်နိုင်ငံအနေဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းကို Eurasian စီးပွားရေးဇုန်သမဂ္ဂ (EAEU)နှင့် ပိုမို ကောင်းမွန်စွာ ချိတ်ဆက်ကာ နှစ်ဖက်ကုန်သွယ်ရေးပမာဏနှင့်အရည်အသွေးကို တစ်ပြိုင်နက်တည်း တိုးမြှင့်သွား လိုကြောင်း ၊ တရုတ်နိုင်ငံက ပိုမိုပွင့်လင်းသည့်တံခါးဖွင့်စနစ်ကို တစ်ဆင့်တိုး ကျင့်သုံးနေရာ ကြီးမားသည့်ဈေးကွက်က ရုရှားနိုင်ငံအပါအဝင် နိုင်ငံအသီးသီး၏ကုမ္ပဏီလုပ်ငန်းများ အတွက် အခွင့်အလမ်းများ ပိုမိုများပြားစေမည်ဖြစ်ကြောင်း ၊ ပွင့်လင်းသည့်တံခါးဖွင့်စနစ်ကို နှစ်ဖက်အတူ ခိုင်မာစွာ ဆောင်ရွက်သွားကာ ရင်းနှီးမြုပ်နှံမှုနှင့်ဈေးကွက်ဝင်ရောက်မှုကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ပြီး ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းကောင်းများ ဖန်တီးစေလိုကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ သမ္မတ ပူတင်ကလည်း တရုတ်နိုင်ငံ တည်ထောင်သည့် နှစ် ၇၀ ပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုပါကြောင်း ၊ တရုတ်နိုင်ငံနှင့်ဆက်ဆံရေးသည် ရုရှားသံတမန်ရေး၏ ဦးစားပေးဖြစ်ကြောင်း ပြောကြားခဲ့သည်။

သံတမန်ဆက်ဆံရေးတည်ထောင်သည့် နှစ် ၇၀ ကြာကာလတွင် ရုရှား-တရုတ်နှစ်နိုင်ငံဆက်ဆံရေး နှင့်ပူးပေါင်းဆောင်ရွက်မှုမှာ သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိခဲ့ရာ ခေတ်သစ် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဖြစ် တိုးတက်လာပြီဖြစ်ကြောင်း ၊နှစ်နိုင်ငံ ဆက်ဆံရေး သည် နိုင်ငံတကာဆက်ဆံရေး၏ အရေးကြီးသည့်တည်ငြိမ်မှု အကြောင်းတရားဖြစ်ကြောင်း ၊ ယခု နှစ်နိုင်ငံ ဝန်ကြီးချုပ် ဆွေးနွေးမှုတွင်ရရှိလာသော ရလဒ်သစ်များက လက်တွေ့ပူးပေါင်းအကောင်အထည်ဖော်မှုများကို တွန်းအား ဖြစ်စေကြောင်း ၊ ရုရှားနိုင်ငံအနေဖြင့် မိမိနိုင်ငံ၏ ဖွံ့ဖြိုးရေးမဟာဗျူဟာကို ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းဖြင့် ပိုမိုကောင်းမွန်စွာချိတ်ဆက်ကာ နှစ်ဖက်ကုန်သွယ်ရေးပမာဏကို အဆက်မပြတ်တိုးချဲ့၍ အတူဖွံ့ဖြိုးစေရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)