Connect with us

Europe

ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်ပြီးနောက် အမေရိကန် ဒေါ်လာဈေး မြင့်တက်

အမေရိကန်ဒေါ်လာများ ကိုင်ဆောင်ထားသည့် ဘဏ်ဝန်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

သမိုင်းဝင် လူထုဆန္ဒခံယူပွဲ ပြီးနောက် ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်မည့်အရေး (Brexit) သေချာလာခဲ့ပြီး ကမ္ဘာ့အဓိက ငွေကြေးများနှင့် လဲလှယ်ရာတွင် အမေရိကန်ဒေါ်လာဈေး မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂမှ နုတ်ထွက်ရေး လူထုဆန္ဒခံယူပွဲ၏ သက်ရောက်မှုကြောင့် ဗြိတိန်နှင့် ယူရိုဇုန် စီးပွားရေး အပေါ် စိုးရိမ်မှုများ ဖြစ်လာခဲ့ပြီးနောက် ဇွန်လ ၂၇ ရက်က ဗြိတိန် စတာလင်ပေါင်နှင့် ယူရို ငွေ တန်ဖိုးများသည် အမေရိကန် ဒေါ်လာအောက်သို့ ရောက်သွားခဲ့ သည်။
လက်ရှိ ကာလအတွင်း စတာလင်ပေါင်သည် အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် ၃.၅ ရာခိုင်နှုန်း ကျဆင်း သွားခဲ့သည်။
အမေရိကန်ဒေါ်လာသည် ၎င်းနှင့် အဆင့်တူ ကမ္ဘာ့အဓိက ငွေကြေး ၆ ခုနှင့် လဲလှယ်ရာတွင် ၁.၁၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
နယူးယောက် ရောင်းဝယ်မှုတွင် ယူရိုသည် ၁.၁၁၄၄ ဒေါ်လာမှ ၁.၁၀၁၉ ဒေါ်လာ၊ ဗြိတိန် ပေါင်က ၁.၃၆၉၆ ဒေါ်လာ မှ ၁.၃၁၉၂ ဒေါ်လာ၊ သြစတြေးလျ ဒေါ်လာက ဝ.၇၅၀၈ ဒေါ်လာ မှ ဝ.၇၃၄၃ ဒေါ်လာသို့ အသီးသီး ဈေးနှုန်းများ ကျဆင်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.