ပါရီ ၊ မတ် ၂၄ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံတောင်ပိုင်း Trebesမြို့ရှိ စူပါမားကက်တစ်ခုတွင် အကြမ်းဖက်သမားတစ်ဦးက ဓားစာခံများကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ၎င်း ပစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့က အသေပစ်သတ်ဖမ်းဆီးခဲ့ရကြောင်း ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန Gerard Collomb က အတည်ပြုပြောကြားခဲ့သည်။
အန်ကာရာ၊ မတ် ၂၃ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အလယ်ပိုင်း Nevsehir ပြည်နယ် တွင် မတ် ၂၃ ရက် က F-16တိုက်ဂျက်လေယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားခဲ့ရာ တူရကီစစ်သားတစ်ဦးသေဆုံးကြောင်း သိရသည်။
စိန့်ပီတာဘာ့ခ်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မြောက်ပိုင်း Komi ဒေသတွင် သဘာဝဓါတ်ငွေ့ ပမာဏ ၁၀.၃၁၉ဘီလီယံ ကုဗမီတာ ရှိသော Levogrubeyuskoye ဓါတ်ငွေ့သိုက်သစ်တစ်ခု ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
လီမာ၊ မတ် ၂၂ (ဆင်ဟွာ) ပီရူးနိုင်ငံ သမ္မတ Pedro Pablo Kuczynski သည် ၎င်းအား လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ပြီး ရာထူးမှ ဆင်းပေးရန် မဲခွဲဆုံးဖြတ်မှုအရ ရာထူးမှနုတ်ထွက်ကြောင်း မတ်လ ၂၁ ရက်က ရုပ်မြင်သံကြား မိန့်ခွန်းမှတစ်ဆင့် နိုင်ငံသို့ ကြေညာခဲ့သည်။
စိန့်ပီတာဘာ့ခ်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မြောက်ပိုင်း Murmansk မြို့ ရှိ ငါးထပ်တိုက် အဆောက်အအုံတွင် ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၂ဦးသေဆုံးပြီး အခြားလူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဟဲလ်ဆန်ကီး ၊ မတ် ၂၀ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ၊ တောင်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၏ တရားဝင်မဟုတ်သော ဆွေးနွေးပွဲကို မတ်လ ၁၉ ရက်(ဖင်လန်နိုင်ငံဒေသစံတော်ချိန်) ၌ စတင်ခဲ့ကြောင်း ဒေသတွင်း မီဒီယာက သတင်းဖော်ပြခဲ့သည်။
ပေကျင်း၊ မတ် ၁၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် ဗလာဒီမာပူတင် (Vladimir Putin) ထံသို့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာအား မတ်လ ၁၉ ရက်တွင် ပေးပို့လိုက်ကြောင်း သိရသည်။
မော်စကို၊ မတ် ၁၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသည် မော်စကိုမြို့ရှိ ဗြိတိန်နိုင်ငံသံရုံးမှ သံတမန် ၂၃ဦးကို နှင်ထုတ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန က မတ် ၁၇ရက်တွင် ကြေညာခဲ့သည်။ (Xinhua)
Ljubljana ၊ မတ်လ ၁၅ ရက် (ဆင်ဟွာ) ဆလိုဗေနီးယား နိုင်ငံ ဝန်ကြီးချုပ် Miro Cerar က မတ်လ ၁၄ ရက်နေ့၌ ရာထူး မှ နုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီး ရထားလမ်း တည်ဆောက်ရေး စီမံကိန်း ၏ ဆန္ဒမဲ ကောက်ခံမှု...
ဘာဆီလိုနာ ၊ မတ် ၁၅ ရက်(ဆင်ဟွာ) စပိန်နိုင်ငံ၌ ယနေ့နံနက်ပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့သော ချန်ပီယံလိဂ် ၁၆ သင်း အဆင့် အိမ်ကွင်းအဝေးကွင်း ပွဲစဉ်တစ်ခုအဖြစ် အိမ်ရှင်ဘာဆီလိုနာအသင်း နှင့် ချဲလ်ဆီးအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ဘာဆီလိုနာ အသင်းက ၃ဂိုး-ဂိုး မရှိဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။