Connect with us

Europe

တရုတ်-မိုနာကို ဆက်ဆံရေး ခိုင်မာမှုအပေါ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မိုနာကိုနိုင်ငံ မင်းသား အယ်လ်ဘတ် ၂ တို့ ဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မိုနာကိုနိုင်ငံ မင်းသားကြီး အယ်လ်ဘတ် ၂ တို့ တွေ့ဆုံဆွေးနွေးနေကြစဉ် (ဆင်ဟွာ)

မိုနာကို၊ မတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မိုနာကိုနိုင်ငံ မင်းသားကြီး အယ်လ်ဘတ် ၂ (Albert II) တို့သည် မိုနာကိုနိုင်ငံ၌ မတ်လ ၂၆ ရက်က တွေ့ဆုံကာ တရုတ်-မိုနာကို ဆက်ဆံရေး ခိုင်မာရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

သမ္မတ ရှီသည် ချစ်ကြည်ရေးခရီးစဉ်အဖြစ် မိုနာကိုနိုင်ငံသို့ ပထမဆုံးအကြိမ်ရောက်ရှိခဲ့သော တရုတ်သမ္မတ ဖြစ်သည်။

တရုတ်နိုင်ငံနှင့် မိုနာကိုနိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်ပြီး နှစ်ပေါင်း ၂၀ ကျော်ကစ၍ နှစ်နိုင်ငံ ပြည်သူများ ရင်းနှီးချစ်ကြည်မှုအား သမ္မတ ရှီက အသိအမှတ်ပြုရင်း နှစ်နိုင်ငံအနေဖြင့် အစဉ်အမြဲ ရိုးသားမှုနှင့် ချစ်ခင်မှုရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲမှ ဒုတိယမြောက်) နှင့် ဇနီး၊ မိုနာကိုနိုင်ငံ မင်းသားကြီး အယ်လ်ဘတ် ၂ (ယာမှ ဒုတိယမြောက်) နှင့် ဇနီး ညတို့ မှတ်တမ်းဓာတ်ပုံရိုက်ကူးနေကြစဉ် (ဆင်ဟွာ)

တရုတ်-မိုနာကို ဆက်ဆံရေးမှာ နှစ်နိုင်ငံ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ တည်ငြိမ်စွာ ဖွံ့ဖြိုးလျက်ရှိပြီး သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ ဆက်သွယ်ရေးနှင့် မိုဘိုင်း ပေးချေမှု နယ်ပယ်များ၌ တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှုတွင် ဦးဆောင်လျက်ရှိကြောင်း ရှီက ဆိုသည်။

မိုနာကိုနိုင်ငံ မင်းသားကြီး အယ်လ်ဘတ် ၂ ကလည်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ခရီးစဉ်က “သမိုင်းဝင်” ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ မိုနာကိုနိုင်ငံအနေဖြင့် သိပ္ပံနှင့် နည်းပညာ၊ တီထွင်ဆန်းသစ်မှု၊ ဂေဟဗေဒစနစ်နှင့် သဘာဝပတ်ဝန်းကျင်၊ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စသည့်နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ရာသီဥတုပြောင်းလဲမှုကဲ့သို့သော နိုင်ငံတကာ ရေးရာများ၌ တရုတ်နိုင်ငံ၏ အခန်းကဏ္ဍအား လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း၊ လာမည့်နှစ်တွင် ၁၅ ကြိမ်မြောက် ဇီဝမျိုးကွဲများဆိုင်ရာ သဘောတူညီချက်ပါနိုင်ငံများ ညီလာခံအား တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှုအပေါ် ထောက်ခံရန် အသင့်ရှိပါကြောင်း မင်းသားကြီး အယ်လ်ဘတ် ၂ က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.