Connect with us

Latin America

အမေရိကန် ရက်ပ်ပါ ရှိုးပွဲ တစ်ခုအတွင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့၍ ၁ဦးသေ၊ ၃ဦး ဒဏ်ရာရရှိ

အမေရိကန် ရက်ပ်ပါ ရှိုးပွဲ တစ်ခုအတွင်း သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူအား သယ်ဆောင်လာစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးယောက်၊ မေ ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ Irving Plaza တွင် မေလ ၂၅ ရက် ည၌ ကျင်းပခဲ့သည့် အမေရိကန် ရက်ပ်အဆိုတော် T.I. ၏ ရှိုးပွဲ တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့၍ လူ ၁ဦးသေဆုံးခဲ့ပြီး လူ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေနတ်ပစ်ခတ်မှု သည် ဒေသစံတော်ချိန် ည ၁၀း၁၅ နာရီ တွင် Union Square အနီးရှိ ဂီတဖျော်ဖြေရေး ကွင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲသို့ အနည်းဆုံး လူ ၁၀၀၀ လာရောက် အားပေးခဲ့ကြောင်း သိရသည်။
ဒေသခံ ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်မှု ကြောင့် အမျိုးသား တစ်ဦးသည် ရင်ဘတ်၌ လည်းကောင်း၊ အခြားတစ်ဦးမှာ ဝမ်းဗိုက်၌ လည်းကောင်း ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ နှစ်ဦး အနက် တစ်ဦးသေဆုံးခဲ့သော်လည်း ရဲတပ်ဖွဲ့အနေဖြင့် မည်သည့် တစ်ယောက်ဖြစ်သည်ကို မသိရှိသေးကြောင်း နှင့် အခြား လူနှစ်ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားစဉ်တွင် စင်မြင့်ပေါ်သို့ ရက်ပ်အဆိုတော် တက်ရောက်လာခြင်းမရှိသေးကြောင်း၊ သေနတ်ပစ်ခတ်သူများနှင့် ဖြစ်ပွားရခြင်းရည်ရွယ်ချက်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.