Connect with us

Latin America

ဇူကာဘတ် Facebook မှ ထွက်သွားပါက Facebook အား ဆက်လက်ထိန်းချုပ်ခြင်း မပြုနိုင်ရန် ဘုတ်အဖွဲ့ဝင်များ ကြိုးပမ်း

Facebook တည်ထောင်သူ ဇူကာဘတ် အား ဟောပြောပွဲ တစ်ခု၌ တွေ့ရှိရစဉ် (ဆင်ဟွာ)

ဆန်ဖရန်စစ္စကို၊ ဇွန် ၄ ရက် (ဆင်ဟွာ)

Facebook မှ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများသည် Facebook၏ အမှုဆောင် အရာရှိချုပ် ဇူကာဘတ် အကြောင်း တစ်ခုခုကြောင့် ကုမ္ပဏီမှ ထွက်သွားပါက Facebook ၏ အဓိက ဆုံးဖြတ်ချက်များ လုပ်ဆောင်ရာတွင် ထိန်းချုပ်မှုများအား ဆက်လက် လုပ်ဆောင်ခြင်းမှ ကာကွယ်ရန် အဆို တင်သွင်း မဲခွဲ ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဘုတ်အဖွဲ့သည် အဆိုအား အမေရိကန် ငွေစုငွေချေး လက်မှတ် ကြီးကြပ်ရေး ကော်မရှင် (SEC) သို့ တင်သွင်း ခဲ့ပြီး မဲခွဲ ဆုံးဖြတ်ခြင်းကို ဇွန်လ ၂၀ ရက် ဆန်ဖရန်စစ္စကို တောင်ပိုင်း Menlo Park တွင် ကျင်းပမည့် နှစ်စဉ် ရှယ်ယာရှင်များ အစည်းအဝေးပွဲ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း Sillicon Valley Business ဂျာနယ်က ဇွန်လ ၃ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုတင်သွင်းမှု အောင်မြင်ခဲ့ပါက ဇူကာဘတ် ပိုင်ဆိုင်ထားသည့် ရှယ်ယာများသည် ၎င်းကုမ္ပဏီမှ အကြောင်းအမျိုးမျိုးကြောင့် ထွက်သွားပါက ရှယ်ယာအဆင့် သတ်မှတ်ချက်များ ပြောင်းလဲသွားမည် ဖြစ်ကာ အဓိက ဆုံးဖြတ်ချက်များ လုပ်ဆောင်ရာတွင် ထိန်းချုပ်မှုများအား ဆက်လက် လုပ်ဆောင်နိုင်တော့မည် မဟုတ်ကြောင်း သိရသည်။

SEC သို့ ပေးပို့သည့် အဆို တင်သွင်းချက်အရ ဘုတ်အဖွဲ့ဝင်များသည် ကုမ္ပဏီအား တည်ထောင်သူမှ ထိန်းချုပ်နေသည့် ကုမ္ပဏီတစ်ခု အဖြစ် ကျန်ရစ်မနေရန် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဇူကာဘတ်အနေဖြင့် ပိုင်ဆိုင်ထားသည့် ရှယ်ယာများအရ မဲပေးခွင့်ရာခိုင်နှုန်း ၅၃.၈ ရာခိုင်နှုန်းရှိပြီး Class B အဆင့် ရှယ်ယာအစု ၄၁၉ သန်း နှင့် Class A အဆင့် ရှယ်ယာ အစု ၄ သန်းခန့် ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ဇူကာဘတ်သည် Facebook မှ ထွက်သွားသည့် တိုင်အောင် မဲပေးခွင့်အား ဆက်လက် ထိန်းချုပ်ထားနိုင်မည့် အပြင် ၎င်းသေဆုံးပြီး နောက်တွင်လည်း သားစဉ်မြေးဆက် ရှယ်ယာများ လွှဲပြောင်းပေးနိုင်ကာ မဲပေးခွင့်ကိုလည်း ဆက်လက် ထိန်းချုပ်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုတင်သွင်းခြင်း၏ ရည်ရွယ်ချက်မှာ အကြောင်းအမျိုးမျိုးကြောင့် ဇူကာဘတ် ပင်စင်ယူခြင်း (သို့) ကုမ္ပဏီမှ ထွက်သွားပါက ၎င်း၏ Class B အဆင့် ရှယ်ယာများသည် Class A အဆင့် ရှယ်ယာများအဖြစ် သို့ပြောင်းလဲ သွားမည်ဖြစ်သည်။ ထို့သို့ ပြောင်းလဲသွားပါက ရှယ်ယာတစ်စုလျှင် မဲ ၁၀ မဲ အစား မဲ ၁ မဲ သာ ရရှိတော့မည် ဖြစ်သည်။ Class A အဆင့် ရှယ်ယာများသည် Class B အဆင့် ရှယ်ယာများထက် မဲပေးနိုင်ခွင့် လျော့နည်းကြောင်း သိရသည်။ (Xinhua)