ရီယိုဒီဂျနေရို ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း Minas Gerais ပြည်နယ်၌ ဇန်နဝါရီ ၂၅ ရက်က ဖြစ်ပွားခဲ့သော ဆည်ကျိုးမှုအတွင်း လူပေါင်း ၃ဝ၅ ဦးပျောက်ဆုံးလျက်ရှိနေပြီး သေဆုံးသူအရေအတွက်မှာ ၅၈ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။
ရီယိုဒီဂျနေးရိုး၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း မီနက်စ်ဂီရိုက်စ်ပြည်နယ်တွင် ဇန်နဝါရီလ ၂၅ ရက်နေ့လယ်ပိုင်းက Vale သတ္တုတွင်းလုပ်ငန်းကြီး ပိုင်ဆိုင်သော ဆည်ပြိုကျမှုဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၇ ဦးထက်သေဆုံးပြီး ၉ ဦးဒဏ်ရာရရှိကာ ၁၅၀ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း ပြည်နယ်အစိုးရက ဇန်နဝါရီလ...
ဘရာဇီးလီးယား၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ အလုပ်သမားဈေးကွက်အတွင်း ပြီးခဲ့သည့် သုံးနှစ်ဆက်တိုက် မညီမမျှဖြစ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်တွင် တရားဝင်အလုပ်အကိုင် ၅၂၉,၅၅၄ ဖန်တီးနိုင်ခဲ့ကြောင်း စီးပွားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ကာရာကပ်စ်၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) အမေရိကန်နှင့် သံတမန်ဆက်ဆံရေး တရားဝင်ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro)က ဇန်နဝါရီ ၂၃ ရက်တွင် ကြေညာခဲ့သည်။
ရီယိုဒီဂျနေရိုး၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံအနေဖြင့် စိုက်ပျိုးရေးပို့ကုန်များအားတိုးချဲ့တင်ပို့နိုင်ရန် အတွက် ကုန်သွယ်ရေးမစ်ရှင်အဖွဲ့များအား အာရှ နှင့် ဥရောပသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း ဘရာဇီးအစိုးရ စိုက်ပျိုးရေးဝန်ကြီးဌာန၊ ဝန်ကြီး ထရီဇာခရစ္စတီးနား (Tereza Cristina) က ဇန်နဝါရီ လ ၂၂ ရက်နေ့တွင်ပြောကြားခဲ့သည်။
လာပဇ်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘိုလီးဗီးယားနိုင်ငံ တောင်ပိုင်းတွင် ဇန်နဝါရီ ၂၀ ရက်က အားကစားအဖွဲ့တစ်ဖွဲ့လိုက်ပါလာသော ဘတ်စ်ကားတစ်စီး ချောက်ထဲသို့ ထိုးကျခဲ့ရာ အနည်းဆုံး လူ ၁၁ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်းတာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။
လီမာ ၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ) ဘိုလီးဗီးယားနိုင်ငံ အနောက်တောင်ပိုင်း Oruro ပြည်နယ်တွင် ဇန်နဝါရီ ၁၉ ရက်က ဆိုးဝါးသည့် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၂ ဦးသေဆုံးပြီး ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဆန်ဒီယာဂို၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ) ချီလီနိုင်ငံမြောက်ပိုင်း Coquimbo ဒေသတွင် ဇန်နဝါရီ ၁၉ ရက်က ပြင်းအား ၆.၇ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ မြို့တော် ဆန်ဒီယာဂိုတွင်လည်း ပြင်းထန်သည့် လှုပ်ခတ်မှုကို ခံစားမိကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းမထွက်ရှိသေးကြောင်း သိရသည်။
ဘိုဂိုတာ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့တွင် ဇန်နဝါရီလ ၁၇ ရက် နံနက်ပိုင်းက ရဲအတတ်သင်တန်းကျောင်း အပြင်ဘက်တွင် ကားဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၂၁ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကိုလံဘီယာ ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၁၇ ရက်နှောင်းပိုင်းက ပြောကြားလိုက်သည်။
မက္ကဆီကို စီးတီး ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ) ကိုလံဘီယာ နိုင်ငံ မြို့တော် ဘိုဂိုတာ တောင်ပိုင်းရှိ ရဲအတတ်သင်ကျောင်း တစ်ကျောင်း က ဇန်နဝါရီ ၁၇ ရက် ၌ ကားဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ယနေ့ နံနက်ပိုင်း အချိန်ထိ လူ အနည်းဆုံး...