Connect with us

Latin America

အမေရိကန် နိုင်ငံ က ဥရောပ မဟာမိတ် နိုင်ငံ များအား အီရန် နှင့် ကုန်သွယ်မှု ဆက်လက် ဆောင်ရွက်ပါက အရေးယူပိတ်ဆို့မှု ခံရနိုင်ကြောင်း သတိပေး

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ဒေါ်နယ်ထရမ့် အစိုးရ က ယခုလဆန်းပိုင်း တွင် ဥရောပ မဟာမိတ် နိုင်ငံ များအား အီရန် နှင့် ကုန်သွယ်မှု ဆက်လက် ဆောင်ရွက်ပါက အရေးယူပိတ်ဆို့မှု ခံရနိုင်ကြောင်း သတိပေး ခဲ့ကြောင်း သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ သိရှိရသည်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး က အမေရိကန် နိုင်ငံ ၏ ပိတ်ဆို့အရေးယူမှု နှင့် ဆန့်ကျင်သည့် ဆောင်ရွက်မှုများ ပြုလုပ်ပါက ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်ပွားစေမည် ဖြစ်ပြီး အမေရိကန် ငွေကြေးစနစ် တွင် မပါဝင်နိုင်သည့် အထိ ဖြစ်ပွား နိုင်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ က အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီချက် မှ တစ်ဖက်သတ် နုတ်ထွက် ခဲ့ပြီး နောက် ပြင်သစ် ၊ ဂျာမနီ နှင့် ဗြိတိန် နိုင်ငံ တို့ က ယခုနှစ်ဆန်းပိုင်း တွင် အမေရိကန် ဦးဆောင်သည့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးစနစ် နှင့် သီးခြား လည်ပတ်မည့် “ကုန်သွယ်ရေး ဆောင်ရွက်မှု ထောက်ပံ့ရေး ကိရိယာ” စနစ် INSTEX SAS (Instrument In Support Of Trade Exchanges) ကို ထူထောင်ခဲ့ကြောင်း ၊ ယင်းစနစ် က ဥရောပတိုက်ရှိ လုပ်ငန်း ကုမ္ပဏီ များအား အမေရိကန် ၏ အီရန် နိုင်ငံ အပေါ် တစ်ဖက်သတ် အရေးယူပိတ်ဆို့မှု အား ကျော်ဖြတ်၍ အီရန် နိုင်ငံ နှင့် ဆက်လက်၍ ကုန်သွယ်မှု ဆောင်ရွက် နိုင်စေမည် ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ တွင် အီရန် ၊ အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် နှင့် ဂျာမနီ နိုင်ငံ တို့ က အတူတကွ အီရန် နျူကလီးယားအရေး ဘက်စုံ သဘောတူညီချက် စာချုပ် အား ရေးထိုးခဲ့ကြပြီး သဘောတူညီချက် အရ အီရန် နိုင်ငံ က ၎င်း ၏ နျူကလီးယား အစီအစဉ် များကို ကန့်သတ် သွားမည် ဖြစ်ပြီး နိုင်ငံတကာ ကလည်း အရေးယူ ပိတ်ဆို့မှု ကို ပယ်ဖျက်ပေးရမည် ဖြစ်သည်။ သို့သော် ၂၀၁၈ ခုနှစ် မေလပိုင်း တွင် အမေရိကန် နိုင်ငံ က သဘောတူညီချက် မှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပြီး အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ ပြန်လည် ဆောင်ရွက် ကာ ဥရောပ မဟာမိတ် နိုင်ငံ များကိုလည်း အလားတူ အရေးယူ ပိတ်ဆို့မှုများ ပြန်လည် ဆောင်ရွက်ရန် ဖိအားပေး ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.