Connect with us

Latin America

ပီရူးငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၂ ဦး ရှိ

ငလျင်လှုပ်ရှားမှုဖြစ်ပွားပြီးနောက်တွေ့ရစဉ် (ဆင်ဟွာ)

လီမာ၊ မေ ၂၈ ရက် (ဆင်ဟွာ)

ပီရူးနိုင်ငံမြောက်ပိုင်းတွင် မေ ၂၆ ရက် အစောပိုင်း တွင် လှုပ်ရှားခဲ့သည့် အင်အားကြီး ငလျင်ကြောင့် သေဆုံးသူ ၂ ဦး ရှိကြောင်း အမျိုးသားအရေးပေါ်စီမံခန့်ခွဲရေးစင်တာ (COEN) က မေ ၂၇ ရက် တွင် ပြောသည်။

La Libertad မြို့ ၏ မြောက်ဘက်ခြမ်း တွင် ဦးခေါင်းဒဏ်ရာအပြင်းအထန်ရရှိထားသည့် အသက် ၁၅ နှစ်အရွယ် ကောင်လေးသည် ၎င်း၏ နေအိမ်မှ ထွက်ခွာရန် ကြိုးစားစဉ် သေဆုံးခဲ့ကြောင်း COEN ၏ အကြီးအကဲဖြစ်သူ Ricardo Seijas ကပြောသည်။

ပီရူးနိုင်ငံ ၏ လော်ရီတို မြို့ တွင် ဒေသစံတော်ချိန် နံနက် ဝရး၄၁ နာရီ တွင် အင်အား ၈ အဆင့်ရှိ ငလျင်လှုပ်ရှားခဲ့ကြောင်း ပီရူးနိုင်ငံ ၏ Geophysics Institute ၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါငလျင်ကြောင့် လူ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ မိသားစု ၂၂၈ စု အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း သိရသည်။

ပီရူးနိုင်ငံ သည် ပစိဖိတ်ငလျင်ကြောတွင် ရှိကြောင်း၊ တစ်ကမ္ဘာလုံး ငလျင်လှုပ်ရှားမှု ၏ ၈၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.