Connect with us

Latin America

ကိုလံဘီယာအရှေ့မြောက်ပိုင်း၌ ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦးသေ ၊ ၈ ဦးဒဏ်ရာရ

ကိုလံဘီယာနိုင်ငံစစ်သားများအားတွေ့ ရစဉ်(ဆင်ဟွာ)

ဘိုဂိုတာ ၊ ဇွန် ၁ဝ ရက်(ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံအရှေ့မြောက်ပိုင်း Arauca ဒေသ၌ စစ်တပ်ကင်းလှည့်မှုတစ်ခုပြုလုပ်စဉ် ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံးစစ်သား ၂ ဦးသေဆုံးပြီး အခြား ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကိုလံဘီယာစစ်တပ်၏ ဇွန် ၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ တိုက်ခိုက်မှုသည် ဇွန် ၉ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း ၊ စစ်သားများကင်းလှည့်လာသော လမ်းမကို အဝေးထိန်းစက်ခလုတ်ဖြင့် ဗုံးဖောက်ခွဲမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ပေါက်ကွဲမှုများစွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရစစ်သားများကို ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက နီးစပ်ရာဆေးရုံများသို့ပို့ဆောင်ပေးထားကြောင်း စစ်တပ်ကဆိုသည်။

ကိုလံဘီယာရဲတပ်ဖွဲ့နှင့် စစ်တပ်သည် တိုက်ခိုက်မှုကျူးလွန်သူများကို ရှာဖွေဖော်ထုတ်လျက်ရှိကြောင်း ၊ ကနဦးစစ်ဆေးချက်များအရ အမျိုးသားလွတ်မြောက်ရေးစစ်တပ်(ELN) ပြောက်ကျားတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။(Xinhua)