ဆန်တီယာဂို၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အဆိုပြုထားသော ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် ဘိုလီးဗီးယားနိုင်ငံမှ ပါဝင်ဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံက ကျေးဇူးတင်ကြောင်းနှင့် နယ်ပယ်ပေါင်းစုံ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇန်နဝါရီလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။
ဆန်တီယာဂို၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ဗင်နီဇွဲလားနိုင်ငံတို့သည် ၎င်းတို့၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းလာစေရန် ဆန္ဒရှိကြောင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ဇန်နဝါရီ ၂၂ရက်တွင် ဆန်တီယာဂိုမြို့ ၌တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဆန်တီယာဂို ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ချီလီ နိုင်ငံ သမ္မတ Michelle Bachelet နှင့် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့က ဇန်နဝါရီ ၂၂ ရက်နေ့ တွင် ချီလီ နိုင်ငံ မြို့တော် ဆန်တီယာဂို...
ရီယိုဒီဂျနေရို၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ကမ္ဘာ့ချန်ပီယံဘရာဇီးဘောလုံးအသင်း ကစားသမား နှင့် ဖီဖာ(FIFA) ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု ၂ ကြိမ်ဆွတ်ခူးရရှိထားသော ကမ္ဘာကျော်ဘောလုံးသမား ရော်နယ်ဒင်ဟိုသည် ဘောလုံးလောကမှ တရားဝင် အနားယူသွားခဲ့ပြီဖြစ်သည်။ ၎င်းသည် လွန်ခဲ့သော နှစ်နှစ်ကျော်က ဘောလုံး နောက်ဆုံးကစားခဲ့ပြီး ယခုအခါ အနားယူကြောင်း ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။
ဘိုဂိုတာ ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ စစ်တပ် ရဟတ်ယာဉ်တစ်စင်းသည် ဇန်နဝါရီလ ၁၆ ရက်တွင် နိုင်ငံအနောက်မြောက်ပိုင်း Antioquia ပြည်နယ်၌ ပျက်ကျသွားခဲ့ရာ အနည်းဆုံး လူ ၇ ဦးသေဆုံးသွားကြောင်း စစ်တပ်သတင်းအရင်းမြစ် အရ သိရသည်။
ဘိုဂိုတာ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ အလယ်ပိုင်းတွင် ဇန်နဝါရီ ၁၅ ရက်က ဆောက်လက်စ တံတားတစ်စင်းပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၀ဦးသေဆုံးခဲ့ကြောင်း သိရသည်။
လီမာ ၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံ၌ ဇန်နဝါရီလ ၁၄ ရက်တွင် ပြင်းအား ၇.၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် လူ ၂ ဦးသေဆုံးကာ ငလျင်ဒဏ်ကြောင့် မိုင်းတွင်ပြိုကျမှုဖြစ်ပွားခဲ့ပြီး အခြား လူ ၁၇ ဦးပျောက်ဆုံးလျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ဘရာဇီးလီယာ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း Minas Gerais ပြည်နယ်၌ ဇန်နဝါရီ ၁၃ရက်တွင် မော်တော်ယာဉ်များစွာ ဆင့်ကဲတိုက်မိမှုကြောင့် အနည်းဆုံး လူ ၁၃ဦးသေဆုံးပြီး အခြားလူ ၃၉ဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
ဗျူနိုစ်အဲရစ် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) အာဂျင်တီးနားတိုက်စစ်မှူးဟောင်း ကားလိုစ့်တိဖက်ဇ်သည် ယခင်ကလပ်အသင်းဟောင်း ဘိုကာဂျူနီယာ(Boca Juniors) အသင်း၌ ပါဝင်ကစားခွင့်ရရန် လက်ရှိကစားနေသော တရုတ်နိုင်ငံ ရှန်ဟိုင်းရှန်ဝှာ(Shanghai Shenhua) အသင်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
လီမာ၊ဇန်နဝါရီလ ၃ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံ၏ မြို့တော် နှင့် ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သော လီမာမြို့အနီး၌ ဇန်နဝါရီလ ၂ ရက်တွင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၃၆ ဦးထိ မြင့်တက်သွားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။