Connect with us

Latin America

အီကွေဒေါနိုင်ငံ ဒုတိယသမ္မတ ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာ

ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာသူ အီကွေဒေါနိုင်ငံ ဒုတိယ သမ္မတ Maria Alejandra Vicunaအား တွေ့ရစဉ် (ဆင်ဟွာ)

ကွီတို ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

အကျင့်ပျက်ခြစားမှုကြောင့် တရားစီရင်ရန် စုံစမ်းစစ်ဆေးခံနေရသူ အီကွေဒေါနိုင်ငံ ဒုတိယသမ္မတ Maria Alejandra Vicunaက ရာထူးမှနုတ်ထွက်ကြောင်း ဒီဇင်ဘာ ၄ ရက်နေ့တွင် ကြေညာခဲ့သည်။

အလေးအနက်စဉ်းစားပြီးမှ ယခုလို ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ အီကွေဒေါနိုင်ငံ သည် နိုင်ငံရေးတည်ငြိမ်မှုရှိမှ ရှေ့ဆက်ဖွံ့ဖြိုးနိုင်မည်ဖြစ်ကြောင်း ၊ သမ္မတ Lenin Morenoက ဒုတိယသမ္မတ တာဝန်ကို ထမ်းဆောင်နိုင်မည့် ပိုသင့်တော်သူအား ရှာတွေ့မည်ဟု မျှော်လင့်ကြောင်း Maria Alejandra Vicunaက ၎င်း၏နုတ်ထွက်စာတွင် ဖော်ပြထားသည်။

Maria Alejandra Vicunaက ၎င်းဒုတိယသမ္မတ တာဝန်ထမ်းဆောင်သည့်အချိန်ကစ၍ နိုင်ငံရေး အပုပ်ချတိုက်ခိုက်မှုများကို ခံရကြောင်း ၊ယခုအချိန်မှစ၍ မိမိသည် ဒုတိယသမ္မတအနေဖြင့် မဟုတ် ဘဲ သာမန်အရပ်သားပြည်သူအနေဖြင့် မိမိ၏ဂုဏ်သတင်းနှင့်အကျိုးစီးပွားကို ကာကွယ်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။

သမ္မတ Lenin Morenoသည် ဒီဇင်ဘာ ၃ရက်က Maria Alejandra Vicunaကို ဒုတိယသမ္မတရာထူးမှ ရပ်ဆိုင်းကြောင်း ကြေညာခဲ့ပြီး ၎င်းနေရာအား သမ္မတရုံးအထွေထွေအတွင်းရေးမှူး ဘရီးယိုးနက်စ်ကို ခေတ္တ တာဝန်ထမ်းဆောင်ရန် ကြေညာခဲ့သည်။

အီကွေဒေါနိုင်ငံ၏ဥပဒေအရ ဒုတိယသမ္မတ ရာထူးနုတ်ထွက်ခြင်းသည် လွှတ်တော်၏ခွင့်ပြုချက် ရယူ ရန် လိုအပ်သည်။ ခွင့်ပြုချက်ရရှိပြီးနောက် သမ္မတအနေဖြင့် လွှတ်တော်အား ဒုတိယသမ္မတလောင်း ၃ ဦး အား ရွေးချယ်ပေးရမည်ဖြစ်ပြီး ၎င်းတို့အနက် လွှတ်တော်မဲခွဲဆုံးဖြတ်မှုတွင် မဲအများဆုံးရရှိသူက ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြောက်ခြင်းခံရမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.