Connect with us

Latin America

အီကွေဒေါနိုင်ငံတွင် ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် လူ ၄ ဦးသေဆုံး၊ ၂၀ ဦး ဒဏ်ရာရ

အီကွေဒေါနိုင်ငံရှိ ဆေးရုံကားတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကွီတို၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

အီကွေဒေါနိုင်ငံ မြို့တော် ကွီတို၏ အရှေ့တောင်ဘက် ကွန်နိုကိုတိုမြို့တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး အခြားသူ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ECU-911 အရေးပေါ်ဝန်ဆောင်မှု ပေါင်းစည်းရေးစနစ်က ဒီဇင်ဘာလ ၁၄ ရက်က ပြောကြားလိုက်သည်။

အဆိုပါ မတော်တဆမှုမှာ ဒီဇင်ဘာလ ၁၄ ရက် ဒေသစံတော်ချိန် နံနက် ရး၁၇ နာရီက ၉၁၁ အရေးပေါ်ဖုန်းလိုင်းသို့ ဖုန်းခေါ်ဆိုမှုမှတစ်ဆင့် သိရှိခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ECU-911 ၏ အဆိုအရ ဘတ်စ်ကားတစ်စီးသည် ကွန်နိုကိုတိုမြို့နှင့် ကွီတိုမြို့တောင်ဘက်အား ချိတ်ဆက်ထားသော Princesa Toa လမ်းပေါ်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းဘတ်စ်ကားသည် ခရီးသည် ၅၀ ခန့်အား တင်ဆောင်လာပြီး ယာဉ်မတိမ်းမှောက်မီ အခြားသော မော်တော်ယာဉ်များနှင့် တိုက်မိကာ စုပေါင်းအိမ်ရာဝင်းနံရံနှင့် လျှပ်စစ်မီးတိုင်နှစ်တိုင် ပြိုလဲသွားခဲ့ကြောင်း ဒေသခံမီဒီယာသတင်းများအရ သိရသည်။ဘတ်စ်ကားတိမ်းမှောက်ရခြင်းအကြောင်းရင်းကို ယာဉ်စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်များက ထုတ်ဖော်ပြောထားခြင်းမရှိသော်လည်း ဘရိတ်စနစ် ချို့ယွင်းချက်ကြောင့် ဖြစ်နိုင်သည်ဟု ဆိုသည်။ (Xinhua)