Connect with us

Latin America

မက္ကဆီကို အလယ်ပိုင်းရှိ အဝေးပြေးလမ်းမတွင်သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၆ဦးသေဆုံး

မက္ကဆီကို ရဲတပ်ဖွဲ့ဝင်တစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မက္ကဆီကို စီးတီး၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

မက္ကဆီကို အလယ်ပိုင်း ရှိ အဝေးပြေးလမ်းမတစ်ခုတွင် ဒီဇင်ဘာ ၄ရက် နံနက်ပိုင်းက ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ပစ်ခတ်မှုသည် နံနက် ၅နာရီတွင် နိုင်ငံအလယ်ပိုင်း Puebla ပြည်နယ် ရှိ ရာဇဝတ်သားများအချင်းချင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့က ၎င်း၏ တွစ်တာအကောင့်ဖြစ်သည့် Puebla’s Public Safety Secretariat တွင်ရေးသားခဲ့သည်။

ရဲတပ်ဖွဲ့က သေဆုံးသူများသည် အဝေးပြေးလမ်းမများရှိ မော်တော်ယာဉ်ပို့ဆောင်ရေးကုန်ကားများကို ဓါးပြတိုက်သည့်အဖွဲ့မှဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်သည် ၂ရက်တာကာလအတွင်း ဒုတိယအကြိမ်မြောက် သွေးထွက်သံယိုဖြစ်ပွားခြင်းဖြစ်ပြီး ဒီဇင်ဘာ ၃ရက်နေ့တွင်လည်း နိုင်ငံအနောက်ပိုင်း Jalisco ပြည်နယ် တွင် ရာဇဝတ်သားတစ်ဦးအား လွတ်မြောက်ရန် ကူညီရန်ကြိုးပမ်းခဲ့သည့် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၆ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.