Connect with us

Latin America

ဘရာဇီးတွင် မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်သူများ နှင့် ဆက်နွယ်နေမှုဖြင့် ရဲတပ်ဖွဲ့ဝင် ၅၀ဦးအား ဖမ်းဆီး

ဘရာဇီးအထူးရဲတပ်ဖွဲ့ဝင် အချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆော်ပိုလို၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ဘရာဇီးအာဏာပိုင်များသည် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၅၀ဦး နှင့် အရပ်သား ၃ဦး ကို မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်သူများ အတွက် ဆောင်ရွက်နေကြောင်း သံသယရှိမှု ဖြင့် ဖမ်းဆီးခဲ့ကြောင်း အစိုးရရှေ့နေရုံးက ဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့၏ အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေး စစ်ဆင်ရေးအား ဆော်ပိုလိုမြို့ စစ်ဘက်ဆိုင်ရာ အထူးရဲတပ်ဖွဲ့၏ ပြည်တွင်းရေးရာရုံး က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သံသယရှိသူများသည် နိုင်ငံ၏ အင်အားအကြီးဆုံး ရာဇဝတ်ဂိုဏ်း ဖြစ်သည့် Primer Comando de la Capital (PCC) မှ ငွေကြေးတောင်းခံမှုဖြင့် တရားစွဲဆိုခံရခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရရှေ့နေများက အချို့သော ရဲအရာရှိများသည် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွင်ပင် ပါဝင်နေကြောင်း ပြောကြားခဲ့သည်။

အရပ်သား ၃ဦး ကိုလည်း ဆော်ပိုလိုမြို့တောင်ပိုင်းတွင် မူးယစ်ဆေးဝါးရောင်းချမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထိန်းသိမ်းခံရသော ရဲအရာရှိအများစုသည် အမှတ် ၂၂ အထူးရဲတပ်ဖွဲ့ တပ်ရင်းမှဖြစ်ကြောင်း သိရသည်။

ယင်းစစ်ဆင်ရေးသည် PCC ရာဇဝတ်ဂိုဏ်းအခြေစိုက်ရာ ဆော်ပိုလိုမြို့တွင် ၁၀နှစ်တာကာလအတွင်း ရဲတပ်ဖွဲ့၏ အဂတိလိုက်စားမှု နှင့် မူးယစ်ဆေးဝါးရောင်ဝယ်မှုတွင် ပါဝင်နေခြင်းအား တိုက်ဖျက်ရန် ပြုလုပ်သည့် အကြီးဆုံးစစ်ဆင်ရေးတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.