Connect with us

Latin America

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်အား ကုလသမဂ္ဂ သံတမန်အဖြစ် ထရမ့် ခန့်အပ်ရန်ရှိ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Heather Nauert အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Heather Nauert ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ရွေးချယ်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များအား ကိုးကား၍ အမေရိကန်မီဒီယာများက ဖော်ပြထားသည်။

Fox မီဒီယာ၏ သတင်းကြေညာသူဟောင်းတစ်ဦးဖြစ်သူ Nauert သည် အောက်တိုဘာက အဆိုပါ ရာထူးမှထွက်ခွာမည်ဟု ကြေညာထားခဲ့သော Nikki Haley ၏ နေရာ၌ တာဝန်ယူမည်ဖြစ်ကြောင်း Bloomberg သတင်းအရ သိရသည်။

Haley ၏ နုတ်ထွက်မှုသည် အဆင့်မြင့် အုပ်ချုပ်ရေးတာဝန်ရှိသူများအကြား အံ့အားသင့်ဖွယ်ဖြစ်ခဲ့ပြီး Haley က ယခုနှစ်ကုန်ပိုင်းအထိ ယင်းရာထူးတွင် ဆက်လက်ရှိနေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.