ဘိုဂိုတာ၊ဧပြီ ၃ဝ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ Cartagena ၌ ပြီးခဲ့သော ရက်ပိုင်းက အဆောက်အအုံတစ်လုံးပြိုကျမှုဖြစ်စဉ်အတွင်း သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက်ဖွယ်ရှိနေကြောင်း သိရသည်။
ကာရာကက်စ် ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ ရှေ့နေချုပ် Luisa Ortega Diaz က လူပေါင်း ၂၆ ဦး သေဆုံးခဲ့ရပြီဖြစ်သည့် နိုင်ငံတွင်းဖြစ်ပွားနေသော ဆန္ဒပြပွဲများအဆုံးသတ်စေရန်အတွက် အစိုးရ နှင့် အတိုက်အခံအကြား တွေ့ဆုံဆွေးနွေးရေးအစီအစဉ်ကို ပြန်လည်စတင်ကြရန် တိုက်တွန်းပြောကြားလိုက်သည်။
ကရာကက်စ် ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ) ဗင်နီဇွဲလား နိုင်ငံ အရှေ့မြောက်ပိုင်း Anzoategui ပြည်နယ် အတွင်းရှိ အကျဉ်းထောင် တစ်ခု တွင် ဧပြီလ ၂၆ ရက် နံနက်ပိုင်း အချိန်၌ ထောင်ဆူမှု ဖြစ်ပွားခဲ့ရာ အကျဉ်းသား အချင်းချင်း တိုက်ခိုက်မှု များကြောင့်...
ဆန်တီရာဂို၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ) ချီလီနိုင်ငံ အလယ်ပိုင်း တွင် ဧပြီ ၂၄ ရက် က ရစ်ချ်တာစကေး ၆.၉ ရှိသည့် အင်အားပြင်းထန်သည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးသူများနှင့် ပတ်သက်သည့် သတင်းများ ထွက်ပေါ်လာခြင်းမရှိသေးကြောင်း ချီလီအာဏာပိုင်များက ပြောကြားခဲ့သည်။
ဘိုဂိုတာ ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ) ကိုလံဘီယာ နိုင်ငံ အလယ်ပိုင်း Manizales မြို့တွင် ဧပြီလ ၁၉ ရက်နေ့ နံနက် အစောပိုင်း အချိန်တွင် မြေပြိုမှု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး လူပေါင်း ၁၄ ဦးသေဆုံး ခဲ့ကြောင်း သိရှိရသည်။
ရီယိုဒီဂျနေးရိုး၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် သက်တမ်းလွန်အသားများ သို့မဟုတ် သန့်စင်မှုမရှိဘဲ ရောနှောအသားများ ရောင်းချခြင်းတွင် ပါဝင်ခဲ့ကြသော လူ ၆၃ ဦးအား လာဘ်စားမှု စီမံချက် တစ်ရပ်အရ တရားစွဲဆိုနိုင်ခဲ့ကြောင်း ဧပြီလ ၁၆ ရက်တွင် ပြည်ထောင်စု ရဲတပ်ဖွဲ့က ပြောသည်။
မက္ကဆီကို စီးတီး၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံတောင်ပိုင်း မက္ကဆီကို-အကာပေါ်ကို အဝေးပြေးလမ်းမကြီးအနီး စွန့်ပစ်ထားသော SUV အမျိုးအစားယာဉ်တစ်စီးအတွင်း၌ အမျိုးသား ၈ဦး၏ ရုပ်အလောင်းများကို ရဲတပ်ဖွဲ့ဝင်များက ရှာတွေ့ခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာတစ်ခု က ဧပြီ ၁၀ ရက်တွင်ဖော်ပြခဲ့သည်။
အမေရိကန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin က ယခုအပတ်အစောပိုင်း၌ ဆီးရီးယားအစိုးရ က ဓာတုလက်နက်များဖြင့် တရားမဝင်တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်၍ ဆီးရီးယားနိုင်ငံအပေါ် အမေရိကန်နိုင်ငံက ချမှတ်သွားမည့် တားမြစ်ပိတ်ဆို့မှုအသစ်များကို မကြာမီ ကြေညာပေးသွားမည်ဖြစ်ကြောင်း ဧပြီ ၇ ရက်က ပြောကြားခဲ့သည်။
မာ-အာ-လာဂို၊ အမေရိကန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ၂၀၁၇ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက်လည်ပတ်ရန် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ် ထရမ့်အား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဖိတ်ကြားခဲ့ကြောင်း သိရသည်။
ဘိုဂိုတာ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ Mocoa မြို့၌ ဧပြီလ ၁ ရက်က ဖြစ်ပွားခဲ့သည့် မြေပြိုမှုတွင် အနည်းဆုံး သေဆုံးသူ ၃၀၆ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၃၆၂ ဦးရှိကြောင်း သိရသည်။