Connect with us

Latin America

ဒဏ္ဍာရီလာ ရတနာများ နှင့် အတူ နှစ်ပေါင်း ၃၁၇ နှစ်သက်တမ်းရှိ ရှေးဟောင်း သင်္ဘောပျက်အား ကာရေဘီယံ ကမ်းရိုးတန်းနား ၌ ရှာဖွေတွေ့ရှိ

ကာရေဘီယန် ပင်လယ်အောက် မှ ရတနာများအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘီယာ၊ ဒီဇင်ဘာလ ၈ ရက် (ဆင်ဟွာ)

ကိုလံဘီယာရေတပ် နှင့် သိပ္ပံပညာရှင်များသည် နှစ်ပေါင်း ၃၁၇ နှစ်သက်တမ်းရှိ မြောက်မြားစွာသော ရတနာများ နှင့်အတူ နှစ်မြုပ်နေသည့် ရှေးဟောင်း သင်္ဘောပျက်အား မကြာသေးမီက ရှာဖွေတွေ့ ရှိခဲ့ကြောင်း ကိုလံဘီယာ အစိုးရက ဘိုဂိုတာတွင် ဒီဇင်ဘာလ ၅ ရက်နေ့က အတည်ပြု ခဲ့ကြောင်းသိရသည်။

ဂယ်လီအွန် ဆန် ဟိုဆေး Normal 0 false false false EN-US ZH-CN X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} အမည်ရှိ အဆိုပါ စပိန်သင်္ဘော အား ၁၆၉၈ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ပနားမား မှ ကာရေဘီယံ ကမ်းရိုးတန်းသို့ သွားရာလမ်းကြောင်းတွင် ဗြိတိန်ရေတပ်၏ တိုက်ခိုက်မှု ခံရပြီးနောက် ကာတာဂျန်နာ မြို့ အနီးတွင် ၁၇၀၈ခုနှစ်က နစ်မြုပ်ခဲ့ကြောင်း သိရသည်။

ကိုလံဘီယာနိုင်ငံသမ္မတ Juan Manuel Santos က ယခုရှာဖွေတွေ့ရှိမှုသည် ကမ္ဘာပေါ်ရှိ နောက်ဆုံးပေါ် နည်းပညာများနှင့်အတူ မြေပုံများ၊ မိုးလေဝသ နှင့် သမိုင်းအချက်အလက်များ မှတစ်ဆင့် လုပ်ဆောင်နိုင်ခဲ့ကြောင်း နှင့် ကိုလံဘီယာနိုင်ငံ အတွက် မကြုံစဖူးဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒဏ္ဍာရီများအရ အဆိုပါသင်္ဘော သည် ကျောက်မျက်ရတနာများ၊ ငွေချောင်းများ၊ ဘီလီယံ များစွာသော ဒင်္ဂါးများ နှင့် ရွှေချောင်းအလေးချိန် ထောင်ပေါင်းများစွာ အပြည့်တင်ဆောင်ထားကြောင်းသိရသည်။

ကိုလံဘီယာ ယဉ်ကျေးမှုတက္ကသိုလ် နှင့် ကိုလံဘီယာ သမိုင်း နှင့်မနုဿဗေဒ အဖွဲ့အစည်းမှ တာဝန်ယူ၍ သင်္ဘောပျက်အား တူးဖော်သွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.