Connect with us

Latin America

မာရိုင်ယန် ကယ်ရီ ဘရာဇီးတွင် တစ်ညတာ ဖျော်ဖြေတင်ဆက်မှုမှ ဒေါ်လာသန်းနှင့်ချီ၍ ဝင်ငွေ ရရှိမည်

အမေရိကန် အဆိုတော် မာရိုင်ယန် ကယ်ရီ (Mariah Carey) သီဆို ဖျော်ဖြေနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

အမေရိကန် အဆိုတော် မာရိုင်ယန် ကယ်ရီ (Mariah Carey) သည် တစ်ညတာ ဖျော်ဖြေ တင်ဆက် မှုတစ်ရပ်မှ အမေရိကန် ဒေါ်လာ ၂ သန်းမှ ၅ သန်းကြား ဝင်ငွေ ရရှိမည် ဖြစ်ကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ Copacabana ၌ နှစ်သစ် အကြိုည တင်ဆက်ဖျော်ဖြေမှု အတွက် ဒေါ်လာသန်းနှင့် ချည်သည့် စာချုပ်ချုပ်ဆို ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မာရိုင်ယန်သည် ပျော်ရွှင်ဖွယ်ကောင်းသော ကလေးဖတ် စာအုပ်တစ်အုပ်ကိုလည်း မကြာမီက ထုတ်ဝေခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါသည်။

ခင်ပွန်းဖြစ်သူ နစ်ခ် ကင်န်နွန် နှင့်ရရှိခဲ့သော Moroccan နှင့် Monroe ဟူသည့် လေးနှစ်အရွယ် အမွှာရင်သွေး နှစ်ယောက်၏ မိခင် မာရိုင်ယန်သည် ၁၉၉၄ ခုနှစ်က ဖြန့်ချိခဲ့သော တစ်ကိုယ်တော်ခွေ “All I Want For Christmas Is You” ကို အခြေခံရိုက်ကူးထားသော ဇာတ်ကား ထုတ်ဝေခြင်း အပေါ် ဂုဏ်ယူဝမ်းမြောက်မှု ခံစားရသည်ဟု ဆိုသည်။

ယင်းစာအုပ်သည် အဆိုပါ တစ်ကိုယ်တော်ခွေ၏ တေးသားများအား အပြည့်အဝ ပုံဖော်ထားသလို ခွေးငယ် လေး တစ်ကောင် ရရန်အတွက် ပျော်ရွှင်ဖွယ် ဆန္ဒပြုထားသည့် မိန်းကလေးငယ် တစ်ဦး၏ အကြောင်းကို ပုံဖော်ထားခြင်း ဖြစ်ပါသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117