Latin America
ပီရူးနိုင်ငံ တွင် ယာဉ်တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၁၆ ဦး သေဆုံး

လီမာ၊ မေ ၁၇ ရက် (ဆင်ဟွာ)
ပီရူးနိုင်ငံ မြောက်ပိုင်းတွင် မေလ ၁၅ ရက် ညနေပိုင်းက ဘတ်စ်ကား တစ်စီး တိမ်းမှောက်ခဲ့မှုကြောင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း ပီရူးနိုင်ငံ၏ အမြန်လမ်း ရဲတပ်ဖွဲ့က မေလ ၁၆ ရက်တွင် ပြောကြား ခဲ့သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ခရီးသည်များ တင်ဆောင်လာသည့် အဆိုပါ ဘတ်စ်ကားသည် Jose Sabogal မြို့သို့ မကွေ့ဝင်မီ လမ်းချော်ကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ Jose Sabogal မြို့သည် နိုင်ငံ မြောက်ပိုင်း Cajamarca ဒေသ San Marcos ပြည်နယ် အတွင်း ရှိ မြို့ တစ်မြို့ ဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူများအပြင် လူ ၆ ဦးလည်း ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)