Connect with us

Latin America

အမေရိကန်တွင် အလုပ်သမားများ အတွက် အချိန်ပို လုပ်ခအား နှစ်ဆတိုးပေး

အမေရိကန် သမ္မတ နေအိမ် အိမ်ဖြူတော်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ မေ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန် အလုပ်သမားရေးရာ ဝန်ကြီးဌာန က နိုင်ငံအတွင်း လူလတ်တန်းစား အရေအတွက် သည် တဖြည်းဖြည်း နည်းပါးလာသည့်အတွက် အလုပ်သမားများ အချိန်ပို အလုပ်ဆင်းမှု အတွက် ဥပဒေ သစ်တစ်ခု ကို မေလ ၁၈ ရက် ကထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဥပဒေ သည် တစ်ပတ်လျှင် နာရီ ၄၀ကျော် ထက်ပို၍ အချိန်ပို လုပ်ကိုင်နေရသော အလုပ်သမားပေါင်း ၄.၂ သန်းကျော်၏ အပို အလုပ်ချိန်များအတွက် ရပိုင်ခွင့်များအား တိုးမြှင့် ကာကွယ်ပေးမည်ဖြစ်ပြီး ယင်းအလုပ်သမားများ၏ လက်ရှိ တစ်ပတ်လုပ်အားခ အား အမေရိကန်ဒေါ်လာ ၄၅၅ဒေါ်လာမှ ၉၁၃ဒေါ်လာ အထိ နှစ်ဆတိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားရေးရာ ဝန်ကြီးဋ္ဌာန ကပြောကြားခဲ့သည်။ ယင်းဥပဒေ အရ လုပ်အားခသည် ၂၀၂၀ ခုနှစ် ဇန်နဝါရီ မှ စ၍ သုံးနှစ် တစ်ကြိမ် အလိုအလျောက် တိုးတက်လာမည် ဖြစ်ပြီး အဆိုပါ ဥပဒေသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် စတင် အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။ သို့သော် ရီပတ်ဘလီကန် များနှင့် အချို့သော စီးပွားရေးလုပ်ငန်းရှင်များက အလုပ်သမားခ သိသိသာသာ မြင့်တက်လာပြီး အမေရိကန်၏ စီးပွားရေးကို ထိခိုက်လာနိုင်သည့်အချက်ကို ထောက်ပြ၍ ဆန့်ကျင် ကန့်ကွက် ခဲ့ကြောင်း နှင့် တချို့ ရီပတ်ဘလီကန် ကွန်ဂရက်အမတ်များက အဆိုပါ ဥပဒေ ပြဌာန်းခြင်း မပြုနိုင်ရန် စီစဉ်နေကြကြောင်း သိရသည်။ အိမ်ဖြူတော် က ယင်း ဥပဒေကြောင့် အလုပ်သမားများ၏ လစာသည် နောင် ၁၀ နှစ်အတွင်း ၁၂ ဘီလီယံ အထိ တိုးတက်လာနိုင်ကြောင်း နှင့် အချိန်ပို လုပ်ကိုင်ရမှု ကာကွယ်ပေးသော ဥပဒေများသည် လွန်ခဲ့သည့် နှစ် ၄၀ အတွင်း ၎င်းတို့အား အားလျော့လာစေရန် လုပ်ဆောင်သူများ နှင့် ငွေကြေး ဖောင်းပွမှုတို့ကြောင့် ဆုတ်ယုတ်ကျဆင်း လာခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။ အမေရိကန် နိုင်ငံ၏ လူလတ်တန်းစား အရေအတွက် သည် ၂၀၀၀ ခုနှစ် ကတည်းက ကျဆင်းလာခဲ့ပြီး ၂၀၀၀ ခုနှစ် ၌လူလတ်တန်းစား အရေအတွက် သည် အမေရိကန် လူဦးရေစုစုပေါင်း ၏ ၅၅ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၄ ခုနှစ်တွင် ၅၁ ရာခိုင်နှုန်း အထိ ကျဆင်းလာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.