Connect with us

Latin America

ကိုလံဘီယာ နိုင်ငံတွင် မူးယစ်ဆေးဝါး စံချိန်တင် ပမာဏ ဖမ်းဆီးရမိ

ကိုလံဘီယာ နိုင်ငံတွင် စံချိန်တင် ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ် (ဆင်ဟွာ)

ဘိုဂိုတာ ၊ မေ ၁၆ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် မေလ ၁၅ ရက်က မူးယစ်ဆေးဝါး ၈ တန် ဖမ်းဆီး ရမိကြောင်းနှင့် ၎င်းပမာဏသည် လွန်ခဲ့သော နှစ်များ အတွင်း နိုင်ငံအတွင်း ဖမ်းဆီးရမိသော တရားမဝင် ကိုကင်း ပမာဏ အများဆုံး စံချိန်တစ်ရပ် ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူများက ပြောသည်။

အမေရိကန် ဒေါ်လာ သန်း ၂၄ဝ တန်ဖိုးရှိ များပြားလှသည့် မူးယစ်ဆေးဝါးများကို ပနားမားနိုင်ငံ နှင့် နယ်နိမိတ် ထိစပ်နေသော ကိုလံဘီယာ နိုင်ငံ အနောက်မြောက်ပိုင်း အူရာဘာ ( Uraba ) ပြည်နယ် ၊ တာဘို မြို့ရှိ ငှက်ပျော စိုက်ခင်း တစ်ခုမှ ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
“ ကိုလံဘီယာ ရဲတပ်ဖွဲ့ကို ဂုဏ်ပြုပါတယ်။ တာဘိုမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး တွေကတော့ သမိုင်းတစ်လျှောက် အမြင့်ဆုံး စံချိန်ပါပဲ” ဟု ကိုလံဘီယာ နိုင်ငံ သမ္မတ Juan Manuel Santos က ၎င်း၏ Twitter လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
မူးယစ်ဆေးဝါး စစ်ဆင်ရေးတွင် လူ သုံးဦးအား ဖမ်းဆီးရမိပြီး ကျန်သုံးဦးမှာ ထွက်ပြေး လွတ်မြောက် နေကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
၎င်းမူးယစ်ဆေးများသည် Clan Usuga ဒုစရိုက် ဂိုဏ်းမှ ဖြစ်ကြောင်း နှင့် ကိုလံဘီယာ နိုင်ငံအတွင်း အများဆုံး ဖမ်းဆီးရမိသော ပမာဏ ဖြစ်ကြောင်း ကိုလံဘီယာနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Luis Carlos က ပြောကြားခဲ့သည်။
Clan Usuga ဒုစရိုက် ဂိုဏ်းသည် မူးယစ်ဆေးဝါး တန်ချိန် များစွာကို ကိုလံဘီယာ နိုင်ငံမှ တဆင့် အမေရိကတိုက် အလယ်ပိုင်းနှင့် အမေရိကန် ပြည်ထောင်စုသို့ တရားမဝင် တင်ပို့ နေကြောင်း ကိုလံဘီယာနိုင်ငံ အာဏာပိုင်များက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.