Connect with us

Asia

Hot Q&A – ရှိဂဲရု အီရှီဘာ၏ အစိုးရအဖွဲ့အသစ်တွင် မည်သည့် ထူးခြားသော လက္ခဏာများနှင့် စိန်ခေါ်မှုများ ရှိသနည်း

ဂျပန်နိုင်ငံ တိုကျိုမြို့ ဝန်ကြီးချုပ်အိမ်တော်တွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာ (ရှေ့တန်း အလယ်) နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ စုပေါင်းဓါတ်ပုံရိုက်နေသည်ကို အောက်တိုဘာလ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ဝန်ကြီးချုပ်သစ် ရှိဂဲရု အီရှီဘာသည် အစိုးရအဖွဲ့ဝင်၀န်ကြီး ၂၀ ဦးဖြင့် ဖွဲ့စည်းထားသော အစိုးရအဖွဲ့သစ်ကို အောက်တိုဘာ ၁ ရက် ညနေပိုင်းတွင် စတင်ထူထောင်ခဲ့သည်။ ရှိဂဲရု အီရှီဘာ၏ အစိုးရအဖွဲ့အသစ်တွင် မည်သည့် ထူးခြားသောလက္ခဏာများ ရှိသနည်း။ အစိုးရအဖွဲ့အသစ်သည် ပြည်တွင်းရေး၊ သံတမန်ရေးရာများတွင် မည်သို့ခံယူချက်ရှိသနည်း။ အနာဂတ်တွင် မည်သည့်စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဦးမည်နည်း။
အစိုးရအဖွဲ့အသစ်တွင် မည်သည့် ထူးခြားသောလက္ခဏာများ ရှိသနည်း။
အစိုးရအဖွဲ့အသစ်အဖွဲ့ဝင် ၂၀ ဦးအနက် ၁၃ ဦးသည် အစိုးရအဖွဲ့သို့ ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်းဖြစ်သည်။ အစိုးရအဖွဲ့ဝင်များ၏ နိုင်ငံရေးနောက်ခံကို သုံးသပ်ကြည့်လျှင် အများစုမှာ ဂိုဏ်းဂဏ မရှိသူများဖြစ်သည်။ အစိုးရအဖွဲ့တွင် “နိုင်ငံရေး ငွေမည်း” သတင်းဆိုးနှင့် ပတ်သက်သည့် Abe ဂိုဏ်းမှ အဖွဲ့ဝင် တစ်ဦးမျှ မပါဝင်ခဲ့ပေ။ အစိုးရအဖွဲ့တစ်ခုလုံး၏ ဖွဲ့စည်းပုံသည် ဂိုဏ်းအဖွဲ့ဟောင်းအာဏာကို ဖြုတ်ချရန်၊ “အသစ်ပြောင်းလဲခြင်း”ကို အခိုင်အမာမြှင့်တင်ရန်ဖြစ်သည့် ရှိဂဲရု အီရှီဘာ၏ ရည်ရွယ်ချက်ကို ထင်ဟပ်စေသည်ဟု ဂျပန်မီဒီယာများက သုံးသပ်ပြောဆိုခဲ့သည်။
အစိုးရအဖွဲ့အသစ်၏ နောက်ထပ်အရေးကြီးသောထူးခြားချက်တစ်ခုမှာ “ကာကွယ်ရေး” ကို အလေးပေးခြင်းဖြစ်သည်။ ရှိဂဲရု အီရှီဘာကိုယ်တိုင်က ကာကွယ်ရေးအေဂျင်စီ၏ အရာရှိအကြီးအကဲ၊ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယခုတစ်ကြိမ်ခန့်အပ်ထားသော နိုင်ငံခြားရေး ဝန်ကြီး Takeshi Iwaya သည် ယခင်က ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ အသစ်ခန့်အပ်ထားသော ကာကွယ်ရေးဝန်ကြီး Gen Nakatani သည် ယခင်က ကာကွယ်ရေးအေဂျင်စီ၏ အရာရှိအကြီးအကဲ၊ ကာကွယ်ရေးဝန်ကြီး၊ လုံခြုံရေးနှင့် ဥပဒေရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောာင် ခဲ့ဖူးကြောင်း သိရသည်။ အစိုးရအဖွဲ့ဝင်များအပြင် ရှိဂဲရု အီရှီဘာ အသစ်ခန့်အပ်ထားသော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီမူဝါဒဆိုင်ရာ စုံစမ်းစစ်ဆေးရေးဥက္ကဋ္ဌ Itsunori Onodera ၊ အစိုးရအဖွဲ့ ဒုတိယ အတွင်းဝန် Akihisa Nagashima နှင့် ရှိဂဲရု အီရှီဘာ၏ အရေးအကြီးဆုံးနိုင်ငံရေးအတွင်းဝန် Akihiro Tsuchimichi အားလုံးတွင် ကာကွယ်ရေးဌာန၏ နောက်ခံများရှိကြသည်။ ရှိဂဲရု အီရှီဘာ အစိုးရအဖွဲ့သည် “ကာကွယ်ရေးကို အလေးထားသည်” ၊ “ကာကွယ်ရေးကို ဦးစားပေးသည်” ဟု လူများကို ထင်မြင်စေသည်ဟု ဂျပန်မီဒီယာများက မှတ်ချက်ပေးပြောကြားခဲ့သည်။
ပြည်တွင်းရေး၊ သံတမန်ရေးရာများတွင် မည်သို့ရပ်တည်သနည်း။
အောက်တိုဘာ ၁ ရက် ညပိုင်းတွင် ရှိဂဲရု အီရှီဘာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူပြီးနောက် ၎င်း၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက “နှိမ့်ချမှုရှိသော၊ ရိုးသားပြီး သိမ်မွေ့သော နိုင်ငံရေးကို ဖန်တီးမည်” ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် ၎င်းသည် စီးပွားရေး၊ နိုင်ငံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် သံခင်းတမန်ခင်းစသည့် ကဏ္ဍပေါင်းစုံမှ မူဝါဒ အဆိုပြုချက်များကို တင်ပြပြီး အုပ်ချုပ်မှုဆိုင်ရာ မျှော်မှန်းချက်ကို အလေးပေးဖော်ပြခဲ့သည်။
စီးပွားရေးကဏ္ဍတွင် ယခင်ဝန်ကြီးချုပ်ဟောင်း ဖူမီအို ခီရှီဒါ၏ မူဝါဒများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး “လစာတိုးမြှင့်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခြင်းဖြင့် စီးပွားရေးတိုးတက်မှုကို တွန်းအားပေးပြီး စီးပွားရေးကြီးထွားမှုကို အကောင်အထည်ဖော်မည်” ဟု ရှိဂဲရု အီရှီဘာက ပြောကြားခဲ့သည်။ ရှိဂဲရု အီရှီဘာက ဒေသတွင်း ပြန်လည်ရှင်သန်မှုကို အားကြိုးမာန်တက် မြှင့်တင်သွားမည်ဖြစ်ပြီး “ဒေသတွင်း ပြန်လည်ရှင်သန်မှုကို ဂျပန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု၏ တွန်းအားပေးကိရိယာအဖြစ် အသုံးပြုရမည်” ဟု ရှိဂဲရု အီရှီဘာက အလေးအနက်ပြောကြားခဲ့သည်။
နိုင်ငံရေးကဏ္ဍတွင် လူများဂရုစိုက်ကြသည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၏ “နိုင်ငံရေးငွေမည်း” သတင်းဆိုးနှင့် ပတ်သက်၍ တတိယပါတီ စုံစမ်းစစ်ဆေးရေးအေဂျင်စီတစ်ခု တည်ထောင်ပြီး စုံစမ်းစစ်ဆေးမည်ဟု ရှိဂဲရု အီရှီဘာက ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ရှိဂဲရု အီရှီဘာက အောက်လွှတ်တော်ကို အောက်တိုဘာ ၉ ရက်တွင် ဖျက်သိမ်းပြီး စက်တင်ဘာ ၂၇ ရက်တွင် အောက်လွှတ်တော် ရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းပြုလုပ်မည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။ အာဏာရပြီး ၈ ရက်အကြာတွင် အောက်လွှတ်တော်ကို ဖျက်သိမ်းခြင်းသည် ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်း အချိန် အတိုဆုံးဖြစ်ကြောင်း ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။
လူမှုရေးနှင့် လူနေမှုဘဝ ကဏ္ဍတွင် ဂျပန်နိုင်ငံ၌ မကြာခဏဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းရန် ကပ်ဘေးအပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ရှိဂဲရု အီရှီဘာက ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဌာန ထပ်တိုးထူထောင်ရန် ဆုံးဖြတ်ခဲ့ပြီး ကပ်ဘေးဒဏ်သင့်ဒုက္ခသည်များအတွက် “ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ထောက်ပံ့ကြေးများ” တိုးမြှင့်သွားမည်ဟု ပြောကြားခဲ့သည်။ သို့သော် အချို့သော လွှတ်တော်အမတ်များက လက်ရှိ ကပ်ဘေးကယ်ဆယ်ရေးစနစ်သည် ဖြစ်ပေါ်လာသည့်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်ပြီး ၎င်းလုပ်ဆောင်ချက်သည် အနည်းငယ် “အကဲလွန်သည်” ဟု ဂျပန်မီဒီယာထံ ပြောကြားခဲ့သည်။ ရှိဂဲရု အီရှီဘာသည် ကပ်ဘေးအခြေအနေကိုစစ်ဆေးရန် အောက်တိုဘာ ၅ ရက်တွင် နိုတိုကျွန်းဆွယ်သို့ သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂ ရက်က ပြောကြားခဲ့သည်။
သံခင်းတမန်ခင်းကဏ္ဍတွင် 《ဂျပန်-အမေရိကန် လုံခြုံရေး သဘောတူစာချုပ်》 ကို ပြန်လည်ပြင်ဆင်မည်ဖြစ်ပြီး “မဟာမိတ်များ” အကြား “တန်းတူဆက်ဆံရေး”ကို အလေးပေးမည်ဖြစ်ကြောင်း ရှိဂဲရု အီရှီဘာက ပြောကြားခဲ့သည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များ၏ အလုံးစုံစွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် အမေရိကန်နိုင်ငံ တည်ထောင်ထားသော ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ လေ့ကျင့်ရေးစခန်းတွင် ဂျပန်နိုင်ငံသည် အမေရိကန်အတွက် ကာကွယ်ရေးတာဝန်များကို ယူပေးမည်မဟုတ်ကြောင်း ဖြစ်သည်။
အစိုးရအဖွဲ့သစ်က စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရခြင်း
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအတွင်း ရှိဂဲရု အီရှီဘာ၏ အခြေခံအုတ်မြစ်မှာ အားနည်းနေပြီး လက်ရှိတွင် သံတမန်ရေး၊ စီးပွားရေးစသည့် ရှုပ်ထွေးခက်ခဲသောပြဿနာများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် အစိုးရအဖွဲ့သစ်သည် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရသည်။
ပါတီအတွင်း ရှိဂဲရု အီရှီဘာ၏ အခြေခံအုတ်မြစ်မှာ အားနည်းသောကြောင့် အနာဂတ်တွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီတစ်ခုလုံးက မူဝါဒရေးဆွဲခြင်း သို့မဟုတ် နိုင်ငံရေးအခြေအနေတစ်ခုလုံးကို အချိန်အတိုင်းအတာတစ်ခုအထိ ဦးဆောင်ရလာနိုင်ကြောင်း ဂျပန်နိုင်ငံ《Yomiuri Shimbun》သတင်းစာက သုံးသပ်ဖော်ပြခဲ့သည်။ ရှိဂဲရု အီရှီဘာ၏ 《ဂျပန်-အမေရိကန် လုံခြုံရေး သဘောတူစာချုပ်》ကို ပြင်ဆင်မည့် အဆိုပြုချက်မှာ စိတ်ကူးယဉ်ဆန်လွန်းပြီး အနာဂတ်တွင် ဂျပန်-အမေရိကန် မဟာမိတ်ဆက်ဆံရေး၏ အမှန်တရားကို မဖြစ်မနေလိုက်လျောရနိုင်သည်ဟု တစ်ချိန်တည်းမှာပင် ဆောင်းပါးတွင် ထောက်ပြခဲ့သည်။
ရှိဂဲရု အီရှီဘာ အဆိုပြုသော စီးပွားရေးမူဝါဒများနှင့် ပတ်သက်၍ ဝင်ငွေနည်းအုပ်စုအတွက် လစာတိုးမြှင့်ရေး၊ ဒေသဝင်ငွေတိုးတက်ရေးဖြစ်စေ၊ သို့မဟုတ် ကပ်ဘေးကြိုတင်ကာကွယ်ရေးဌာန ထပ်တိုးတည်ထောင်ရေး၊ အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးမြှင့်ရေးဖြစ်စေ စသည့် ရှိဂဲရု အီရှီဘာ အဆိုပြုသော အမျိုးမျိုးသော စီးပွားရေး ပြန်လည်ရှင်သန်ရေးမြှင့်တင်ရန်အစီအမံများ အားလုံးသည် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှု အများအပြား လိုအပ်ကြောင်း၊ ယင်းမှာ အနာဂတ်တွင် အခွန်များ ထပ်တိုးလာနိုင်သည်ဟု အဓိပ္ပါယ်သက်ရောက်နေကြောင်း ဂျပန်ပညာရှင်များက ပြောကြားခဲ့သည်။ ထို့အပြင် ဘဏ္ဍာရေးရန်ပုံငွေခွဲဝေမှုသည် ယာယီပြဿနာများကိုသာ ဖြေရှင်းနိုင်ပြီး ဂျပန်နိုင်ငံ စီးပွားရေးကို မြှင့်တင်ရန်အတွက် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒများကို ရေးဆွဲရန် လိုအပ်သေးကြောင်း ဖော်ပြခဲ့သည်။ (Xinhua)
………………………………………
(Chinese Version)
热点问答|石破茂新内阁有何特点和挑战
新华社东京10月2日电 日本新任首相石破茂10月1日晚成立由20名阁僚组成的新内阁。石破茂内阁有何特点?新内阁在内政外交上有何主张?未来将面临哪些挑战?
新内阁有何特点?
新内阁20名成员中有13名是首次入阁。从内阁成员政治背景来看,无派系者居多。与“政治黑金”丑闻相关的安倍派成员无一人入阁。日本媒体分析说,整个内阁阵容体现了石破茂要抛开旧派阀势力、大力“革新”的用意。
新内阁另一重要特点是重视“防卫”。石破茂本人曾担任防卫厅长官、防卫大臣;此次任命的外务大臣岩屋毅曾担任防卫大臣;新上任的防卫大臣中谷元也曾历任防卫厅长官、防卫大臣、安全保障法制大臣。除内阁成员外,石破茂新任命的自民党政策调查会长小野寺五典、官房副长官长岛昭久以及石破茂身边最重要的政务秘书官槌道明宏,都有防卫背景。日本媒体评论说,石破茂内阁给人“重视防卫”“偏爱防卫”之感。
内政外交上有何主张?
10月1日晚,石破茂在就任首相后的首场记者会上说,他将打造“谦虚诚实温和的政治”。为此,他从经济、政治、防灾、外交等多个领域提出政策主张,勾勒执政愿景。
经济方面,石破茂表示将延续前首相岸田文雄的政策,通过“提高工资和增加投资拉动经济增长,实现成长性经济”。石破茂强调,将力推地方振兴,称“要把地方振兴当作日本经济成长的引爆剂”等。
政治方面,针对民众关心的自民党“政治黑金”丑闻,石破茂表示将设立第三方调查机构进行调查。同时,石破茂重申将于10月9日解散众议院,并于27日进行众议院选举投票。日本媒体说,上台8天就解散众议院是日本宪法范围内的最短时间。
社会民生方面,为应对日本国内频发的各种自然灾害,做好灾后救助工作,石破茂决定增设防灾省,并表示将提高灾民“防灾补贴”。但有议员对日媒表示,当前的救灾体制足以应对,此举有些“画蛇添足”。石破茂2日表示将于5日赴能登半岛视察灾情。
外交方面,石破茂表示将修改《日美安保条约》,强调“盟友”之间的“对等关系”。比如,为提高日本自卫队的整体能力,在美国建立自卫队训练基地,日本不对美国承担防卫义务等。
新内阁挑战重重
石破茂在自民党内根基较薄弱,且当前要面对的外交、经济等问题复杂棘手。因此,新内阁面临的挑战众多。
日本《读卖新闻》2日发表评论说,由于石破茂在党内根基薄弱,未来可能有一段时间将由整个自民党来主导政策制定或整个政局。文章同时指出,石破茂修改《日美安保条约》的主张太过理想化,未来可能不得不屈服于日美同盟关系的现实。
针对石破茂提出的经济政策,有日本专家表示,无论提高低收入人群薪资、促进地方创收,还是增设防灾省、为女性增加就业机会等,石破茂提出的种种提振经济举措,都需要大量资金支撑,这意味着未来可能再次提高税收。此外,财政上的资金分配只能解决一时问题,要想提振日本经济,还需制定长期可持续的经济发展政策。(完)
图说:10月1日,日本首相石破茂(前排中)在东京的首相官邸率阁僚合影。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.