Connect with us

Europe

တရုတ်-ရုရှား ပင်လယ်သမုဒ္ဒရာ သိပ္ပံသုတေသန ပူးတွဲလုပ်ဆောင်မှုအား ရုရှားနိုင်ငံ၌ စတင်

ရုရှားနိုင်ငံ ဗလာဒီဗော့စ်တော့ခ်မြို့၌ Akademik M.A. Lavrentyev သိပ္ပံသုတေသနသင်္ဘောအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

ဗလာဒီဗော့စ်တော့ခ်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
“တရုတ်-ရုရှား ပင်လယ်သမုဒ္ဒရာ သိပ္ပံသုတေသန ပူးတွဲလုပ်ဆောင်မှု” စတင်ခြင်းအခမ်းအနားကို ဇူလိုင် ၂၂ ရက်တွင် ရုရှားနိုင်ငံ အရှေ့ဖျားဆိပ်ကမ်းမြို့ ဗလာဒီဗော့စ်တော့ခ်၌ ကျင်းပခဲ့သည်။ နှစ်နိုင်ငံမှ သိပ္ပံသုတေသနဝန်ထမ်းများက ဇူလိုင် ၂၃ ရက်တွင် ရုရှား Akademik M.A. Lavrentyev သိပ္ပံသုတေသနသင်္ဘောအား စီးနင်းလိုက်ပါ၍ စတင်ထွက်ခွာမည်ဖြစ်ရာ ဘဲရင်းပင်လယ်နှင့် ပစိဖိတ်သုမုဒ္ဒရာ အနောက်မြောက်ပိုင်း ပင်လယ်ပြင်သို့ သွားရောက်ပြီး သိပ္ပံသုတေသနလှုပ်ရှားမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။
ဗလာဒီဗော့စ်တော့ခ်မြို့ အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် ဝမ်ကျွင်းက စတင်ခြင်းအခမ်းအနား၌ အမှာစကား ပြောကြားရာတွင် လွန်ခဲ့သည့် ၁၅ နှစ်က တရုတ်-ရုရှား ပင်လယ်သမုဒ္ဒရာ သိပ္ပံပညာရှင်များ ပထမဆုံးအကြိမ် ပူးတွဲသိပ္ပံသုတေသနလေ့လာမှုများ လုပ်ဆောင်သည့်အချိန်မှစ၍ သိပ္ပံပညာရပ် အခက်အခဲများစွာကို အတူလက်တွဲထိုးဖောက်ခဲ့ပြီး နက်ရှိုင်းသော အပြန်အလှန် ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် တည်ထောင်ခဲ့သည့် “တရုတ်-ရုရှား ပင်လယ်သမုဒ္ဒရာနှင့် ရာသီဥတု ပူးတွဲသုတေသနစင်တာ” သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ယန္တရားအသွင်၊ ပုံမှန်အသွင်ဆီသို့ ပို၍ တွန်းအားပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ် ပူးတွဲသိပ္ပံသုတေသနလုပ်ဆောင်မှုသည် ပင်လယ်သမုဒ္ဒရာသမိုင်းသုတေသန (Paleoceanography) ၊ ရာသီဥတုသမိုင်းသုတေသန (Paleoclimatology) နှင့် ဂေဟစနစ် သုတေသန လုပ်ဆောင်မှုများကို အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာရလဒ်များက လူသားမျိုးနွယ်တို့ မြောက်ပစိဖိတ်သမုဒ္ဒရာ-မြောက်ဝင်ရိုးစွန်းဒေသ၏ ရာသီဥတု ဆင့်ကဲတိုးတက် ပြောင်းလဲမှုစနစ်အား ပိုမိုနက်ရှိုင်းစွာ နားလည်သိရှိရန် အထောက်အကူပြု၍ အနာဂတ်ပတ်ဝန်းကျင် ပြောင်းလဲမှုအား ကြိုတင်ခန့်မှန်းမှုအတွက် အရေးကြီးသည့်သိပ္ပံနည်းကျမှီငြမ်းမှုများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှု၊ ဒေသတွင်း တစ်သားတည်းဖြစ်တည်မှုတို့ နက်ရှိုင်းစွာ တိုးတက်လာသည့် နောက်ခံအခြေအနေတွင် တရုတ်-ရုရှား၏ ပူးတွဲသိပ္ပံသုတေသနလုပ်ဆောင်မှုအား ပြန်လည်စတင်ခြင်းသည် နှစ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုအား ရင်ဆိုင်ခြင်း၊ ပင်လယ်သမုဒ္ဒရာသိပ္ပံပညာ ရှေ့ပြေးကဏ္ဍအား စူးစမ်းလေ့လာခြင်းတို့တွင် အတူတကွတာဝန်ထမ်းဆောင်မှုကို ပေါ်လွင်စေပြီး နှစ်နိုင်ငံ၏ ပင်လယ်သမုဒ္ဒရာ သိပ္ပံသုတေသနလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုသည် ခရီးစဉ်သစ်ဆီသို့ တက်လှမ်းနေသည်ကို အမှတ်သင်္ကေတပြုနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားသိပ္ပံအကယ်ဒမီ အရှေ့ဖျားဌာနခွဲ ပစိဖိတ်သမုဒ္ဒရာရေးရာ အင်စတီကျူ (POI) ဒါရိုက်တာ Denis Makarov က စတင်ခြင်းအခမ်းအနားတွင် ယခုအကြိမ် သိပ္ပံသုတေသနလုပ်ဆောင်မှုကို ရုရှားသိပ္ပံအကယ်ဒမီ အရှေ့ဖျားဌာနခွဲ POI နှင့် တရုတ်နိုင်ငံ သဘာဝအရင်းအမြစ်ဝန်ကြီးဌာန အမှတ် (၁) ပင်လယ်သမုဒ္ဒရာ သုတေသနဌာနတို့ ပူးတွဲလုပ်ဆောင်ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါပြီးနောက် နှစ်ဖက်က ပထမဆုံးအကြိမ် ပူးတွဲသိပ္ပံသုတေသနပြုလုပ်မှု ပြန်လည်လုပ်ဆောင်ခြင်းဖြစ်သဖြင့် များစွာအနက်အဓိပ္ပာယ်ရှိကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ် သိပ္ပံသုတေသနလုပ်ဆောင်မှုရလဒ်သည် ပင်လယ်သမုဒ္ဒရာနှင့် ရာသီဥတု၏ သမိုင်းဆင့်ကဲတိုးတက် ပြောင်းလဲမှုဖြစ်စဉ်အား ပြန်လည်တည်ဆောက်ရန် အထောက်အကူပြု၍ လက်ရှိနှင့် အနာဂတ် ရာသီဥတုပြောင်းလဲမှုကြောင့် ဒေသတွင်း ပင်လယ်သမုဒ္ဒရာဂေဟစနစ်၊ ငါးလုပ်ငန်းနှင့် သယ်ယူပို့ဆောင်မှု စသည့်ကဏ္ဍများအပေါ် အကျိုးသက်ရောက်မှုအား ကြိုတင်ခန့်မှန်းမှုအတွက် အရေးကြီး အနက်အဓိပ္ပာယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုအကြိမ် ဘဲရင်းပင်လယ်-ပစိဖိတ်သုမုဒ္ဒရာ အနောက်မြောက်ပိုင်း ပူးတွဲသိပ္ပံသုတေသနလှုပ်ရှားမှုတွင် တရုတ်-ရုရှားနှစ်ဖက်က စုစုပေါင်း သိပ္ပံသုတေသနဝန်ထမ်း ၂၅ ဦးပါဝင်ပြီး ၎င်းအနက် တရုတ်ဘက်မှ ၅ ဦး ပါဝင်ကြောင်း၊ နှစ်နိုင်ငံ သိပ္ပံသုတေသနဝန်ထမ်းများသည် ဘဲရင်းပင်လယ်နှင့် ပစိဖိတ်သုမုဒ္ဒရာ အနောက်မြောက်ပိုင်း၏ စံထားထိုက်သော ပင်လယ်ရေပြင်၌ ဘက်စုံပတ်ဝန်းကျင် စောင့်ကြည့်လေ့လာမှုများ လုပ်ဆောင်သွားရန်၊ Quaternary ကာလ နှောင်းပိုင်းအတွင်း ဘဲရင်းပင်လယ်-ပစိဖိတ်သုမုဒ္ဒရာ အနောက်မြောက်ပိုင်း၏ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုအပေါ် တုံ့ပြန်မှုဖြစ်စဉ်နှင့် အကျိုးအကြောင်းများအား စုံစမ်းစစ်ဆေးရန် စီစဉ်ထားကြောင်း ယခုအကြိမ် သိပ္ပံသုတေသနပြုလုပ်မှု၏ တရုတ်ဘက် အဓိကသိပ္ပံပညာရှင်၊ ဘူမိဗေဒပညာရှင် ကျိုးကျန့်ကျွင်း၏ မိတ်ဆက်မှုအရ သိရသည်။ (Xinhua)

ရုရှားနိုင်ငံ ဗလာဒီဗော့စ်တော့ခ်မြို့ရှိ Akademik M.A. Lavrentyev သိပ္ပံသုတေသနသင်္ဘောတွင် ဝန်ထမ်းက မောင်းနှင်ခန်းအတွင်း၌ ထိန်းချုပ်လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
中俄联合海洋科考在俄启动
新华社符拉迪沃斯托克7月22日电(记者陈畅)“中俄联合海洋科学考察”启动仪式22日在俄罗斯远东港口城市符拉迪沃斯托克举行。两国科研人员将于23日乘坐俄“拉夫连季耶夫院士号”科考船出发,赴白令海和太平洋西北部海域开展科考活动。
中国驻符拉迪沃斯托克代总领事王军在启动仪式上致辞说,自15年前中俄海洋科学家首次联合科考以来,携手攻克了多项科学难题,建立了深厚的互信与友谊。2017年成立的“中俄海洋与气候联合研究中心”更是将两国合作推向机制化、常态化。本次联合科考聚焦古海洋学、古气候学及生态系统研究,有关成果将帮助人类更深刻地理解北太平洋—北极区域的气候演变规律,为预测未来环境变化提供关键科学依据。在经济全球化、区域一体化不断深入发展的背景下,中俄联合科考重启彰显了两国在应对全球气候变化、探索海洋科学前沿领域的共同担当,标志着两国海洋科研合作迈向新征程。
俄罗斯科学院远东分院太平洋海洋研究所所长丹尼斯·马卡罗夫在启动仪式上说,这次科考由俄罗斯科学院远东分院太平洋海洋研究所与中国自然资源部第一海洋研究所共同实施,是新冠疫情后双方首次恢复联合科考,意义非凡。本次科考成果有助于重建海洋与气候的历史演变过程,对于预测当前及未来气候变化对区域海洋生态、渔业和运输等领域的影响具有重要意义。
据本次科考中方首席科学家、地质学家邹建军介绍,中俄双方共有25名科研人员参加本航次白令海—西北太平洋联合科考活动,其中中方有5名。两国科研人员计划对白令海和太平洋西北部典型海域开展综合环境考察,调查晚第四纪白令海—西北太平洋对全球气候变化的响应过程和反馈机理。(完)
1、这是7月22日在俄罗斯符拉迪沃斯托克拍摄的“拉夫连季耶夫院士号”科考船。新华社发(郭飞洲摄)
2、7月22日,在俄罗斯符拉迪沃斯托克,工作人员在“拉夫连季耶夫院士号”科考船驾驶舱内操作。新华社发(郭飞洲摄)