Connect with us

Latin America

အမေရိကန်လေယာဉ်တင်သင်္ဘော Eisenhower ကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ဟူသီသူပုန်အဖွဲ့ပြော

ဆာနား၊ ဇွန် ၁ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံအတွင်းရှိပြည်နယ်များအပေါ်အမေရိကန်နှင့် ဗြိတိန်တို့က လေကြောင်းမှ တိုက်ခိုက်မှုများအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ပင်လယ်နီအတွင်းရှိ အမေရိကန် လေယာဉ်တင်သင်္ဘော Eisenhower ကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဟူသီသူပုန်အဖွဲ့က မေလ ၃၁ ရက်တွင်ထုတ်ပြန်ခဲ့သည်။

အမေရိကန်နှင့် ဗြိတိန်စစ်ဘက်တို့သည် ယီမင်နိုင်ငံအတွင်းရှိ ဆာနား၊ ဟိုဒေးဒါနှင့် တိုင်းအက်ဇ်ပြည်နယ်တို့အပေါ် မေလ ၃၀ ရက် ညပိုင်းက လေကြောင်းမှ ခြောက်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဟူသီသူပုန် တပ်ဖွဲ့ပိုင် al-Masirah ရုပ်သံဖော်ပြသည်။ အဆိုပါတိုက်ခိုက်မှုများအနက် တစ်ခုမှာ ဆာနားမြို့မြောက်ပိုင်းရှိ လေဆိပ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လေကြောင်းမှ တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ဟူသီသူပုန်တပ်ဖွဲ့က ထိန်းချုပ်ထားသည့် ဒေသများ၌ ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံပြည်သူများကပြောသည်။

ဟူသီသူပုန်အဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းများနှင့် အတူရပ်တည်ကြောင်း ပြသသည့်အနေဖြင့် ပင်လယ်နီအတွင်းမောင်းနှင်သွားလာနေသည့် အစ္စရေးနှင့်ဆက်နွှယ်သော သင်္ဘောများကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှ စ၍တိုက်ခိုက်နေခြင်းဖြစ်သည်။ ၎င်းတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်နှင့် ဗြိတိန်တို့က ယခုဇန်နဝါရီလမှစ၍ ဟူသီသူပုန်များအား လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
Yemen’s Houthis claim they attacked U.S. aircraft carrier Eisenhower
SANAA, May 31 (Xinhua) — Yemen’s Houthi group announced on Friday they had launched ballistic missiles at the U.S. aircraft carrier Eisenhower in the Red Sea and the attack was accurate.
The group’s military spokesman Yahya Sarea said in a statement that the attack was “in response to last night’s multiple airstrikes launched by the U.S.-British coalition” against Houthi positions in the Yemeni Red Sea port city of Hodeidah, the capital Sanaa, and the southwestern province of Taiz.
Since November last year, the Houthi group began to launch anti-ship ballistic missiles and drones targeting what they said were Israeli-linked ships transiting the Red Sea, to show solidarity with Palestinians in the Gaza Strip.
In response, the U.S.-British naval coalition stationed in the waters has since January conducted regular air raids and missile strikes against Houthi targets to deter the group, but only led to an expansion of Houthi attacks to include U.S. and British commercial vessels and naval ships. ■