Connect with us

Asia

အမေရိကန်၏ ရန်လိုသည့်သဘောထားများကြောင့် ကမ္ဘာ့အရေးတွင် တင်းမာမှုများမြင့်တက်နေဟု မဟာသီယာမိုဟာမက် ပြောကြား

မလေးရှားနိုင်ငံ ပူထရာဂျာဗာမြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ခု၌ မလေးရှားဝန်ကြီးချုပ် (ဟောင်း) မဟာသီယာမိုဟာမက်ကို ၂၀၁၉ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဇွန် ၆ ရက် (ဆင်ဟွာ)

အမေရိကန်၏ရန်လိုသည့်သဘောထားများကြောင့် ကမ္ဘာ့အရေးတွင်တင်းမာမှုများ မြင့်တက်နေကြောင်း မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်က နစ်ကိုင်း အေးရှားသတင်းစာနှင့် တွေ့ဆုံစဉ် သတိပေးပြောကြားခဲ့သည်ဟု သိရသည်။

အမေရိကန်သည် အတိတ်ကာလတွင်ဖြစ်ပွားခဲ့သည့် စစ်ပွဲများမှ သင်ခန်းစာများ ရယူခြင်းမရှိခဲ့ကြောင်း တိုကျိုတွင် ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲ၌ ၎င်းက နစ်ကိုင်းအေးရှားသတင်းစာကို မှတ်ချက်ပြုပြောကြားခဲ့သည်။ အမေရိကန်သည် ၎င်းအား စိန်ခေါ်သူများကို ရန်သူအဖြစ်သတ်မှတ်နေခြင်းကြောင့် အီရန် ၊ တရုတ်၊ ရုရှားနိုင်ငံ တို့နှင့် မသင့်မြတ်မှုများဖြစ်ပွားနေရခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။ အမေရိကန်သည် စစ်အေးကာလပြီးနောက်ပိုင်း ၎င်း၏ကမ္ဘာ့ဇာတ်ခုံမှနေရာကို ဆက်လက်ထိန်းသိမ်းထားလိုပြီး တရုတ်အပါအဝင် တိုးတက်သည့်ကမ္ဘာ့နိုင်ငံများကို ရန်သူများအဖြစ် သတ်မှတ်ခဲ့ကြောင်း ၎င်းကပြောကြားသည်။

ထို့ပြင် လက်ရှိဖြစ်ပွားနေသည့် အစ္စရေး-ပါလက်စတိုင်းပဋိပက္ခအပါအဝင် ကမ္ဘာပေါ်ရှိတင်းမာမှုများ၏ အကြောင်းရင်းခံမှာ အနောက်နိုင်ငံများ၏ ဝင်ရောက် စွက်ဖက်မှုများကြောင့်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။ အမေရိကန်သည် ကမ္ဘာတွင် လက်နက်ထုတ်လုပ်တင်ပို့ရောင်းချသည့်နိုင်ငံ ဖြစ်နေခြင်းကြောင့် စစ်ပွဲများဖြစ်ပွားခြင်းကို လိုလားကြောင်း ၎င်းက ပြောကြားသည်။ အစ္စရေး- ပါလက်စတိုင်းအရေးတွင် တရားမျှတမှုမရှိသည့် အစ္စရေး၏ဆောင်ရွက်ချက်များကို အမေရိကန်က မျက်ကွယ်ပြုနေကြောင်း ၎င်းက ပြောကြားသည်။

အမေရိကန်နှင့် အနောက်နိုင်ငံများသည် ကမ္ဘာပေါ်ရှိမတရားမှုများကို မျက်ကွယ် ပြုနေကြောင်း ၎င်းကပြောကြားသည်။ (Xinhua)
……………………….
(English Version)
Former Malaysian PM blames aggressive U.S. leadership for escalating conflicts: media
TOKYO, June 3 (Xinhua) — Former Malaysian Prime Minister Mahathir Mohamad has voiced concern about aggressive U.S. leadership and its unyielding stances which had been perpetuating global discord, cautioning that the world might be heading toward war if the U.S. continues to antagonize Russia, Nikkei Asia reported.
In an interview on the sidelines of Nikkei’s Future of Asia forum in Tokyo, Mahathir said Americans have not learned any lessons from past wars, the Japanese newspaper website said on Saturday.
“The U.S. regards anybody who challenges them as the enemy, which is why we have problems involving the U.S. with Iran, Russia and China. The U.S. is not tolerant. People cannot be 100 percent exactly like you. We accept the differences,” Mahathir said.
Mahathir argued that the U.S. has long sought to maintain its dominant position on the global stage since the end of the Cold War, viewing the rise of other nations, especially China, as a direct threat, said the report.
Mahathir emphasized that China rose to become the world’s second-largest economy because it has “the capacity to grow and be No. 1,” a development not welcomed by Americans.
The senior statesman also criticized Western powers amid growing global tensions, especially since the onset of the Palestinian-Israeli conflict last October, the report said.
“A lot of injustices are committed, but the U.S. and Europe view these injustices as issues that don’t concern them. They don’t try to stop Israel from committing all kinds of crimes,” he said.
Noting that the U.S. is the world’s biggest arms trader and continually produces new weapons, Mahathir claimed it is in Americans’ interest to see wars fought elsewhere, Nikkei Asia said.
“There is this belief in the West that to have peace, prepare for war, but that is wrong. Preparing for war ensures war because to make money from selling weapons, people must fight,” he said. ■

Malaysian Prime Minister Mahathir Mohamad speaks during a joint press conference with South Korean President Moon Jae-in in Putrajaya, Malaysia, March 13, 2019. (Xinhua/Chong Voon Chung)