Europe
ဧည့်သည်၏ထင်မြင်ချက်ဆောင်းပါး- တိုးတက်အောင်မြင်ရေး အသိပညာများကို ရက်ရောစွာ လက်ဆင့်ကမ်းမျှဝေတတ်သည့် တရုတ်နိုင်ငံ
ကျွန်မက ဘူလ်ဂေးရီးယားနိုင်ငံသူ တာနီယာ ဂျော်ဂျီဗာ ဂလောက်ချီဗာပါ။ ဘူလ်ဂေးရီးယားနိုင်ငံကို ဥရောပရဲ့ နိုင်ငံငယ်လေးတစ်ခုလို့ လူအများစုက ထင်ကြမှာပါ။ တကယ်တော့ ဘူလ်ဂေးရီးယားနိုင်ငံက ဥရောပတိုက်မှာ ၁၆ နိုင်ငံမြောက် အကြီးဆုံးနိုင်ငံပါ။ တခြားနိုင်ငံတွေနဲ့စာရင် အရွယ်အစားသေးပေမဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့နဲ့ သဘာဝတရားအရ ကြီးကျယ်ခမ်းနားပါတယ်။
ပြည်ပက သတင်းသမားတွေအတွက် အစီအစဉ်တစ်ခုဖြစ်တဲ့ China International Press Communication Center အစီအစဉ်အရ ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံမှာ ပထမဆုံးနေထိုင်ခဲ့တဲ့ ကာလအတွင်းမှာ အရေးကြီးတဲ့ သင်ခန်းစာတစ်ခုကို ကျွန်မသိလိုက်ရပါတယ်။ အဲဒါကတော့ အသေးအဖွဲနိုင်ငံဆိုပြီး မရှိတာပါပဲ။
ကမ္ဘာပေါ်က နိုင်ငံတိုင်းဟာ ဘယ်တိုက်ကပဲဖြစ်ဖြစ်၊ ဘယ်လိုဖွံ့ဖြိုးမှုအဆင့်မှာပဲရှိရှိ၊ ဘယ်လူမျိုးဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် အရေးပါမှု ကိုယ်စီရှိကြပါတယ်။ တရုတ်နိုင်ငံ သမ္မတကြီး ရှီကျင့်ဖိန် ပြောခဲ့သလိုပဲ ကျွန်မတို့ဟာ ကမ္ဘာ့ရွာကြီးတစ်ရွာတည်းမှာ နေထိုင်ကြတာပါ။
အဲဒါက ကျွန်မတို့ကို မိသားစုကြီးတစ်ခုလို ဖြစ်လာစေပြီး အဲဒါကြောင့်ပဲ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်တဲ့ နေရာတစ်ခုအဖြစ် ဖန်တီးဖို့ဆိုတဲ့ အရာတစ်ခုအတွက် ကျွန်မတို့အားလုံး ရည်မှန်းထားသင့်ပါတယ်။
အဲဒါကို အိပ်မက်တစ်ခုလို့ ထင်နိုင်ပေမဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမ အဆိုပြုချက်ကနေ လူသားတွေရဲ့ ဘဝတွေကို မြှင့်တင်ပေးဖို့ မျှော်လင့်နေတဲ့ သမ္မတကြီးရှီရဲ့ အိပ်မက်ကို အစပြုခဲ့တဲ့ ၁၁ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားမှာ ပါဝင်ဆင်နွှဲဖို့ ကျွန်မတို့တွေ ဒီနေ့ ဒီနေရာကိုရောက်လာခဲ့တာ မဟုတ်ပါလား။
အဲဒီ ၁၁ နှစ်အတွင်း နောက်ထပ်နိုင်ငံအများအပြားနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဒီကြိုးပမ်းအားထုတ်မှုမှာ လက်တွဲပါဝင်ခဲ့ပါတယ်။ မရေတွက်နိုင်တဲ့ ကားလမ်းတွေ၊ ရထားလမ်းတွေ၊ ဆိပ်ကမ်းတွေ၊ လေဆိပ်တွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို တည်ဆောက်ခဲ့ပါတယ်။ မတူကွဲပြားတဲ့ ကမ္ဘာ့တိုက်ကြီးတွေက ပြည်သူတွေဟာ ပိုမိုဆက်သွယ်ပေါင်းစည်းလာကြပြီး သူတို့ဘယ်တုန်းကမှ မမျှော်လင့်ဖူးတဲ့ လူမှုဘဝတစ်ခုကို ပျော်ပျော်ရွှင်ရွှင် ခံစားနေရပါပြီ။
တကယ်တော့ အနောက်နိုင်ငံတွေက အဲဒီစီမံကိန်းအပေါ် သံသယဝင်နေဆဲဖြစ်သလို လူတစ်ယောက်က ဘာကိုမှပြန်မတောင်းဆိုဘဲ အကူအညီပေးမယ်ဆိုတာကိုလည်း သူတို့က မယုံနိုင်ကြတာပါ။ အဲဒါက ယဉ်ကျေးမှုကွာဟချက်ကြောင့် ဖြစ်နိုင်ပါတယ်။ တခြားသူတစ်ယောက်ကို ပျော်ရွှင်အောင်လုပ်ပေးရတာလောက် ပိုပြီးကျေနပ်စရာကောင်းတဲ့အရာ မရှိပါဘူး။ အဲဒါက စစ်မှန်တဲ့ ချမ်းသာကြွယ်ဝမှုပါပဲ။
ငယ်ငယ်တုန်းက ကျွန်မ မကစားဖြစ်တဲ့အရုပ်တွေကို ကစားစရာအရုပ်မရှိတဲ့ တခြားကလေးတွေကိုပေးဖို့ ကျွန်မအဖေပြောလေ့ရှိတာကို မှတ်မိပါသေးတယ်။ အဲဒီတုန်းကတော့ ကျွန်မမှာ ကစားစရာအရုပ်တွေရှိပြီး သူတို့မှာ ဘာလို့မရှိတာလဲလို့ ကျွန်မအဖေကို အံဩတကြီး ပြန်မေးခဲ့ပါတယ်။
ကျွန်မအရွယ်ရောက်လာတော့ အဲဒီအရုပ်တွေက တစ်ခုတည်းသော ပြဿနာမဟုတ်မှန်း သိလိုက်ရပါတယ်။ ဆာလောင်မွတ်သိပ်စွာနဲ့ အိပ်ရာဝင်ခဲ့ရတဲ့၊ အမိုးအကာမရှိဘဲ နေနေရတဲ့ ဒါမှမဟုတ် ဆင်းရဲနွမ်းပါးမှု၊ စစ်ပွဲနဲ့ တခြားသော မတရားမှုတွေကြောင့် ငယ်ဘဝကိုတောင် ကောင်းကောင်းမဖြတ်သန်းခဲ့ရတဲ့ ကလေးငယ်တွေ အများကြီးရှိနေပါတယ်။
နေ့စဉ်နဲ့အမျှ ကျွန်မတို့ရဲ့ပတ်ဝန်းကျင်မှာ မတရားမှုတွေကို တွေ့နေရပါတယ်။ ကျွန်မတို့ လက်တွဲညီညီ ကြိုးပမ်းကြမယ်ဆိုရင် ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။ အဓိကပြဿနာကတော့ အလွန်အမင်း ကြွယ်ဝချမ်းသာတဲ့ လူနည်းစုက လောဘရဲ့ စေ့ဆော်တွန်းအားပေးမှုကို ခံနေရတာပါ။
ပိုပြီးသာယာချမ်းမြေ့တဲ့ ကမ္ဘာကြီးကို တည်ဆောက်ဖို့ မလွယ်ကူပေမဲ့ ဖြစ်နိုင်ခြေရှိပါတယ်။ အများအားဖြင့် ခက်ခဲကြမ်းတမ်းတဲ့လမ်းတွေက လှပတဲ့ ရည်မှန်းချက်ပန်းတိုင်တွေဆီ ဦးတည်ခေါ်ဆောင်သွားလေ့ရှိပါတယ်။
“ဆင်းရဲနွမ်းပါးတဲ့သူတစ်ယောက်ကို ပေါင်မုန့်ကျွေးလိုက်ရင် ဒါမှမဟုတ် ကိုယ့်ရဲ့ဘဝထဲက အရာတစ်ခုခုကို လှူဒါန်းလိုက်မယ်ဆိုရင် ဘဝမှာရှင်သန်နေထိုင်မှုက အချည်းနှီးမဖြစ်တော့ဘူး” ဆိုတဲ့ နာမည်ကြီး ဘူလ်ဂေးရီးယား သီချင်းတစ်ပုဒ်ရှိပါတယ်။ အဲဒီသီချင်းက ခေတ်ကာလကြာညောင်းပေမဲ့ ရွှေလိုမျိုး လေးနက်မှုရှိပါတယ်။ နိုင်ငံရေးနဲ့ လူမှုဘဝမြှင့်တင်မှုနဲ့ပတ်သက်လာရင် ရုပ်ဝတ္ထုပစ္စည်းတွေတင်မကဘဲ အသိပညာနဲ့ စံနမူနာကောင်းတွေကိုပါ မျှဝေပေးတတ်တဲ့နေရာမှာ တရုတ်နိုင်ငံက အကောင်းဆုံး လမ်းညွှန်သင်ပြပေးသူဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ အောင်မြင်မှုနောက်ကွယ်က လျှို့ဝှက်ချက်ရယ်၊ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေက ဖွံ့ဖြိုးဆဲနိုင်ငံ ဒါမှမဟုတ် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်လာအောင် ဘယ်လိုလုပ်နိုင်သလဲ ဆိုတာရယ်ကို တရုတ်နိုင်ငံက ပါမောက္ခတစ်ဦးကို မေးခွန်းထုတ်ခဲ့ပါတယ်။
“လျှို့ဝှက်ချက်ရယ်လို့ မရှိပါဘူး။ လေ့လာကြည့်လိုက်ပါ။ နမူနာအနေနဲ့ လိုချင်တာတစ်ခုခုကိုယူပြီး ခင်ဗျားရဲ့နိုင်ငံကို သယ်ဆောင်သွားလိုက်ပါ။ ကျွန်တော်တို့အတွက် အဆင်ပြေတဲ့အရာက ခင်ဗျားတို့နဲ့ အဆင်ပြေချင်မှပြေပါလိမ့်မယ်။ ဒါပေမဲ့ အဲဒါကို လိုက်လျောညီထွေဖြစ်အောင် ကြိုးစားကြည့်လို့ရပါတယ်။ ကျွန်တော်တို့အားလုံးမှာ မတူညီတဲ့ယဉ်ကျေးမှုတွေနဲ့ နောက်ခံသမိုင်းကြောင်းတွေရှိတာကို လက်ခံအသိအမှတ်ပြုထားတာမို့ ကျွန်တော်တို့အနေနဲ့ ဘယ်အရာကိုမှ အခွင့်အရေးမယူချင်ပါဘူး” လို့ အဲဒီပါမောက္ခက ကျွန်မကို ပြန်ဖြေခဲ့ပါတယ်။
သူပြောတာအမှန်ပါပဲ။ အတွေ့အကြုံတွေကို ဝေမျှဖို့ ကျွန်မတို့မှာ ကြီးမားတဲ့ အခွင့်အလမ်းကောင်းရှိပြီး နိုင်ငံရေးအယူအဆတွေ ဘယ်လိုပဲရှိရှိ အဓိကမကျပါဘူး။
အယ်ဒီတာမှတ်စု- တာနီယာ ဂျော်ဂျီဗာ ဂလောက်ချီဗာသည် ဘူလ်ဂေးရီးယားနိုင်ငံရှိ DUMA သတင်းစာတိုက်၏ နိုင်ငံတကာဌာန အကြီးအကဲဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့၌ ဩဂုတ် ၃၁ ရက်က ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် ရပ်ဝန်းနှင့်ပိုးလမ်းမ သတင်းသမားများဖိုရမ်တွင် မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဤဆောင်းပါးတွင် ဖော်ပြထားသော ထင်မြင်ယူဆချက်များသည် စာရေးသူ၏ ထင်မြင်ယူဆချက်များသာဖြစ်ကာ ဆင်ဟွာသတင်းဌာန၏ ထင်မြင်ချက်များကို လုံးဝထင်ဟပ်ခြင်းမရှိပါ။
……………………..
(English Version)
Guest Opinion: China, a generous giver sharing wisdom of development success
by Tania Georgieva Glouhtcheva
I come from Bulgaria. Most people think it is a small European country, but actually, it is the 16th biggest country on the continent. While its size is small compared to others, it is great regarding history, culture, traditions, nature, etc.
During my first stay here last year, as part of the China International Press Communication Center program for foreign journalists, I learned an important lesson that there is no such thing as a “small country.”
Every country in the world, regardless of continent, level of development, race or religion — holds significance. As Chinese President Xi Jinping says: “We live in the same global village.”
This makes us a big family and that’s why we should all aspire to one thing — to make the world a better place.
It may sound like a dream, but aren’t we here today to celebrate the 11th anniversary of the beginning of a dream — President Xi’s dream of improving people’s lives through the Belt and Road Initiative?
In these 11 years, more and more countries and international organizations joined this effort. Countless roads, railways, ports, airports, hospitals, schools have been built. People from different continents are now more connected and enjoying a life they’ve never imagined.
Of course, Western countries remain skeptical of the project, unable to believe that someone would offer help without asking for something in return. Maybe it’s a cultural difference. Nothing is more fulfilling than making somebody else happy because of you, which is true wealth.
I remember that when I was a child, my dad used to tell me to give my unused toys to other kids who did not have any. At that time I would ask in surprise: “How come I have toys but they don’t?”
As I grew up I realized that toys weren’t the only problem. Many children go to bed hungry, live without a roof over their heads, or don’t even have a childhood because of poverty, war, or other injustices.
We see injustice around us every day. If we join hands and efforts, we can change the world. The main problem is that a small percentage of extremely wealthy individuals are driven by greed.
Building a better world is possible, though it won’t be easy to achieve. Difficult roads often lead to beautiful destinations.
There is a famous Bulgarian song whose lyrics say: “If you have given bread to a poor person, or if you have given anything in your life, you haven’t lived in vain.” The song is old, but worth its weight in gold. China is the best teacher when it comes to giving — not only material things but also wisdom and good examples when it comes to politics and improving people’s lives.
Last year, a Chinese professor was asked what the secret to China’s success was and how underdeveloped countries could become developing or even developed.
The professor replied: “There’s no secret. Just observe. Take whatever you want as an example and bring it back to your country. What works for us may not work for you, but you can try to adapt it. We don’t want to impose anything, because we recognize that we all have different cultures and historical backgrounds.”
And he was right. We have this great opportunity to share experiences, and it doesn’t matter what your political ideas might be.
Editor’s note: Tania Georgieva Glouhtcheva is head of the international department at Bulgaria’s DUMA Newspaper. She made the remarks in a speech at the 2024 Belt and Road Journalists Forum held in southwest China’s Chongqing on Aug. 31. The views expressed in this article are those of the author’s and do not necessarily reflect those of Xinhua News Agency.
English Caption
This photo taken on Sept. 15, 2024 shows the booth of Bulgaria during the 2024 China International Fair for Trade in Services (CIFTIS) at the China National Convention Center in Beijing, capital of China. (Xinhua/Li Xin)