Connect with us

North America

အမေရိကန်နိုင်ငံ ဘာတီမိုး၌ ၂ဝ၁၇ ခုနှစ်တွင် စံချိန်တင် လူသတ်မှုဖြစ်ပွားခဲ့

သေနတ်ငယ်များ ခင်းကျင်းပြသထားသည်ကို တွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ်ရှိ လူဦးရေ ၆၁၅,ဝဝဝ နေထိုင်သော ဘာတီမိုးမြို့၌ ၂ဝ၁၇ ခုနှစ် တစ်နှစ်တာအတွင်းဖြစ်ပွားခဲ့သော လူသတ်မှုသည် စံချိန်တင်ပမာဏ ဖြစ်ခဲ့ပြီး ယခင်နှစ်များက ရှိခဲ့သော အမြင့်ဆုံးအရေအတွက်ထက် ပိုမိုများပြားကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ်တွင် လူသတ်မှုပေါင်း ၃၄၃ မှုဖြစ်ပွားခဲ့ရာ တစ်နှစ်တာကာလအတွင်း ဒုတိယအမြင့်ဆုံးအရေအတွက်ဖြစ်ကြောင်း ၊ ဘာတီမိုးမြို့သမိုင်းတစ်လျှောက်အမြင့်ဆုံးပမာဏဖြစ်ကြောင်း ၊ လူ ၁ဝဝ,ဝဝဝ တွင် ၅၆ ဦး နှုန်းအသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဇန်နဝါရီလ ၂ ရက်တွင် ထုတ်ပြန်သည့် Baltimore Sun သတင်းစာက ရေးသားဖော်ပြခဲ့သည်။

လူဦးရေ ၈.၅ သန်းနေထိုင်သော နယူးယောက်မြို့ထက် ဘာတီမိုးမြို့၌ ဖြစ်ပွားခဲ့သော လူသတ်မှုသည် ပိုမိုများပြားကြောင်း ၊ နယူးယောက်မြို့၌၂ဝ၁၇ ခုနှစ်အတွင်းလူသတ်မှုပေါင်း ၃ဝဝ မှု အောက်သာ ဖြစ်ပွားခဲ့ကြောင်း သတင်းက ဆိုသည်။

၂ဝ၁၅ ခုနှစ်မှ စတင်ကာ ဘာတီမိုးမြို့၌ အသတ်ခံရသူပေါင်း ၁ဝဝဝ ကျော်ထိ ရှိခဲ့ပြီဖြစ်ကြောင်း နှင့် ၂ဝ၁၇ ခုနှစ် တစ်နှစ်အတွင်းမှာပင် ၎င်းမြို့၌ လူပေါင်း ၁ဝဝဝ ကျော်သေနတ်ပစ်ခံခဲ့ရကြောင်း သတင်းက ဆိုသည်။

ဘာတီမိုးရဲတပ်ဖွဲ့တွင် အချိန်ပြည့် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်ဦးရေမှာ ၂,၁ဝဝ ဦး ထက် မပိုကြောင်း နှင့် ၎င်းမြို့အတွက် ရဲတပ်ဖွဲ့ဦးရေ ၃ဝဝဝ ရှိသင့်ကြောင်း ရဲမှူး Catherine Pugh က ပြောကြားခဲ့သည်။

ဘာတီမိုးမြို့သည် ဝါရှင်တန်ဒီစီမြို့မှ အရှေ့မြောက်ဖက် မိုင် ၄ဝ ( ၆၄ ကီလိုမီတာ) တွင် တည်ရှိကြောင်း ၊ အမေရိကန်နိုင်ငံ၏ ၃ဝ ခုမြောက် လူဦးရေအထူထပ်ဆုံး မြို့ဖြစ်သည်။

၂ဝ၁၇ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ တတိယအကြီးဆုံးမြို့ဖြစ်သော ချီကာဂိုမြို့၌ လူသတ်မှုပေါင်း ၆ဝဝ မှုဖြစ်ပွားခဲ့ပြီး ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။ ၎င်းအရေအတွက်သည် လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း အမေရိကန်နိုင်ငံ၌ အမြင့်ဆုံးလူသတ်မှုအရေအတွက်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.