Connect with us

North America

အမေရိကန် နှင့် ရုရှား နိုင်ငံ လုံခြုံရေး အရာရှိများ က လာမည့် သြဂုတ်လ တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည် ဖြစ်ကြောင်း အိမ်ဖြူတော် ထုတ်ပြန်ကြေညာ

အမေရိကန် နိုင်ငံ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sarah Huckabee Sanders အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sarah Huckabee Sanders က အမေရိကန် နိုင်ငံ သမ္မတ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် John R. Bolton အနေဖြင့် လာမည့် သြဂုတ်လ တွင် ရုရှား နိုင်ငံ အမျိုးသား လုံခြုံရေး အရာရှိများ နှင့် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၂၃ ရက် ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

Sanders က အမေရိကန် နိုင်ငံ သမ္မတ နှင့် ရုရှား နိုင်ငံ သမ္မတ တို့ က လတ်တလောရက်ပိုင်း အတွင်း တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့ပြီး အဆိုပါ တွေ့ဆုံမှု ပြုလုပ်ရန် သဘောတူညီ ခဲ့ကြကြောင်း ၊ နှစ်နိုင်ငံ လုံခြုံရေး ကိုယ်စားလှယ် အဖွဲ့ တို့ အနေဖြင့် အလုပ်သဘော အဆင့် ဆွေးနွေးမှု များ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ John R. Bolton က ရုရှား နိုင်ငံ လုံခြုံရေး အရာရှိ များ အပြင် ဥရောပ မဟာမိတ် နိုင်ငံ များမှ အရာရှိများ နှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင် တို့ က ဇူလိုင်လ ၁၆ ရက် ၌ တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး ယင်း တွေ့ဆုံမှု မှာ ဒေါ်နယ်ထရမ့် သမ္မတ တာဝန် ထမ်းဆောင်ပြီးနောက် ပထမ ဦးဆုံး အကြိမ် ရုရှား နိုင်ငံ သမ္မတ နှင့် တရားဝင် တွေ့ဆုံဆွေးနွေးမှု တစ်ခု ဖြစ်သည်။ ဒေါ်နယ်ထရမ့် က တွေ့ဆုံဆွေးနွေးမှု အပြီး ပြုလုပ်သည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲ တွင် ၎င်း အနေဖြင့် ရုရှား နိုင်ငံ မှ အမေရိကန် နိုင်ငံ အထွေထွေ ရွေးကောက်ပွဲ အား ဝင်ရောက်စွက်ဖက် နိုင်သည့် အကြောင်းရင်း ကို ရှာဖွေတွေ့ရှိခြင်း မရှိကြောင်း ပြောကြား ခဲ့သည်။ ယင်းပြောကြားချက် က အမေရိကန် နိုင်ငံ နိုင်ငံရေး ကဏ္ဍ အား တုန်လှုပ်စေခဲ့ပြီး နောက်ပိုင်းတွင် ဒေါ်နယ်ထရမ့် က မှားယွင်း ပြောကြားမိခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည် ပြောကြား ခဲ့သည်။(Xinhua)