Connect with us

North America

အမေရိကန်-ရုရှား နှစ်နိုင်ငံ သမ္မတ ထပ်မံ တွေ့ဆုံမှု အား လာမည့် နှစ် အချိန်၌ ပြောင်းလဲ ကျင်းပ ပြုလုပ်ရန် ရွေ့ဆိုင်း

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင် တို့ တွေ့ဆုံမှု ပြုလုပ်နေစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ အမျိုးသား လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် John R. Bolton က ဇူလိုင်လ ၂၅ ရက် ၌ ယခု နှစ် ဆောင်းဦး အချိန် တွင် အမေရိကန် နှင့် ရုရှား နိုင်ငံ သမ္မတ နှစ်ဦး တွေ့ဆုံမှု ပြုလုပ်ရန် စီစဉ်မှု အား လာမည့်နှစ် အချိန် ၌ ပြောင်းလဲ ကျင်းပ ပြုလုပ် သွားရန် ရွေ့ဆိုင်း ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

John R. Bolton က ထုတ်ပြန်ချက်တွင် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အနေဖြင့် ၎င်း နှင့် ရုရှား နိုင်ငံ သမ္မတ တို့၏ တွေ့ဆုံမှု အား ရုရှား နိုင်ငံ မှ အမေရိကန် နိုင်ငံ ရွေးကောက်ပွဲ ဝင်ရောက် စွက်ဖက်မှု စုံစမ်းစစ်ဆေးမှု ပြီးစီးချိန်တွင် ပြုလုပ်ရန် ယူဆကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့်လည်း ပြောင်းလဲ ကျင်းပ ပြုလုပ်ရန် ကို သဘောတူညီခဲ့ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ က ဇူလိုင်လ ၁၉ ရက်နေ့ ၌ ဒေါ်နယ်ထရမ့် အနေဖြင့် John R. Bolton အား ရုရှား နိုင်ငံ သမ္မတ ပူတင် နှင့် ယခု နှစ် ဆောင်းဦးပိုင်း အချိန်တွင် တွေ့ဆုံမှု ပြုလုပ်ရန် ဖိတ်ခေါ်စေခဲ့ကြောင်း ၊ သက်ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းမှုများ ဆောင်ရွက်နေကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင် တို့ က ဇူလိုင်လ ၁၆ ရက် ၌ တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး ယင်း တွေ့ဆုံမှု မှာ ဒေါ်နယ်ထရမ့် သမ္မတ တာဝန် ထမ်းဆောင်ပြီးနောက် ပထမ ဦးဆုံး အကြိမ် ရုရှား နိုင်ငံ သမ္မတ နှင့် တရားဝင် တွေ့ဆုံဆွေးနွေးမှု တစ်ခု ဖြစ်သည်။ ဒေါ်နယ်ထရမ့် က တွေ့ဆုံဆွေးနွေးမှု အပြီး ပြုလုပ်သည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲ တွင် ၎င်း အနေဖြင့် ရုရှား နိုင်ငံ မှ အမေရိကန် နိုင်ငံ အထွေထွေ ရွေးကောက်ပွဲ အား ဝင်ရောက်စွက်ဖက် နိုင်သည့် အကြောင်းရင်း ကို ရှာဖွေတွေ့ရှိခြင်း မရှိကြောင်း ပြောကြား ခဲ့သည်။ ယင်းပြောကြားချက် က အမေရိကန် နိုင်ငံ နိုင်ငံရေး ကဏ္ဍ အား တုန်လှုပ်စေခဲ့ပြီး နောက်ပိုင်းတွင် ဒေါ်နယ်ထရမ့် က မှားယွင်း ပြောကြားမိခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည် ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.