Connect with us

Eastern Europe

ဖောက်ခွဲရေးပစ္စည်းအတွက် အမေရိကန်ရဲတပ်ဖွဲ့က ရုရှားလေယာဉ်အား ရှာဖွေ စစ်ဆေးကြောင်း Sputnik သတင်းဌာနဖော်ပြ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ဂျွန်အက်ဖ်ကနေဒီ(JFK) အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက Emirates လေကြောင်းလိုင်း အမှတ် ၂၀၃ ဖြင့် ဒူဘိုင်းနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ဝင်ရောက်လာသော ခရီးသည်တစ်ဦးအား ကိုယ်အပူချိန်တိုင်းတာနေသည်ကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

နယူးယောက်မြို့ရဲတပ်ဖွဲ့ဝင်များသည် ဖောက်ခွဲရေးပစ္စည်တစ်ခုအတွက် ရုရှားနိုင်ငံမော်စကို မှ အမေရိကန်နိုင်ငံ ဂျွန်အက်ဖ်ကနေဒီ(JFK) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းဆိုက်ရောက်လာသည့် ရုရှားလေကြောင်းလိုင်း Aeroflot ၏ လေယာဉ်တစ်စင်းအား ရှာဖွေစစ်ဆေးမှုများပြုလုပ်နေကြောင်း Sputnik သတင်းဌာနက ယနေ့ ဒီဇင်ဘာ ၇ ရက်တွင် ဖော်ပြခဲ့သည်။

 “ လေယာဉ်ပေါ်မှာ ဖောက်ခွဲရေးပစ္စည်းတစ်ခု ပါရှိနေတဲ့အကြောင်းကို ရဲတပ်ဖွဲ့က သတိပေးချက်တစ်ခုရရှိခဲ့တယ်” ဟု အမေရိကန်နိုင်ငံရှိ ရုရှားသံရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Sputnik သတင်းဌာနက ဖော်ပြခဲ့သည်။ “ ကျွန်တော်တို့သိရသလောက်တော့ ဖောက်ခွဲရေးပစ္စည်းအတွက် သူတို့ဟာ လေယာဉ်ကို ရှာဖွေစစ်ဆေးမှုပြုလုပ်နေကြတယ် ” ဟု အဆိုပါ သံရုံးပြောရေးဆိုခွင့်ရှိသူ က ဆိုသည်။

ယခုအချိန်ထိ မည်သည့်ဖြစ်နိုင်ခြေ တရားဝင်ထိန်းသိမ်းမှု သို့မဟုတ် ရှာဖွေစစ်ဆေးမှုရလဒ်များနှင့် သက်ဆိုင်သော သတင်းအချက်အလက်တစ်စုံတစ်ရာ မရှိသေးကြောင်း နှင့် လေယာဉ်သည် မော်စကိုသို့ ပြန်ထွက်ခွာရန် အချိန်နှောင့်နှေးရတော့မည်ဖြစ်ကြောင်း သံရုံး၏ ပြောကြားချက်အရ သိရသည်။

လေဆိပ်အာဏာပိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မီဒီယာသို့ပြောကြားရာတွင် ခရီးသည်အားလုံး လေယာဉ်ပေါ်မှ ဆင်းသွားခဲ့ကြပြီဖြစ်ကြောင်း ဆိုသည်။ အဆိုပါ ရုရှားနိုင်ငံမှ Aeroflot လေယာဉ်သည် ဂျွန်အက်ဖ်ကနေဒီလေဆိပ်သို့ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်( ဂရင်းနစ်စံတော်ချိန် ၂၀၄၅ နာရီ) တွင် ဆင်းသက်ခဲ့ကြောင်း သိရသည်။(Xinhua)

#အမေရိကန်, #ရုရှား, #ဖောက်ခွဲရေးပစ္စည်း, #လေယာဉ် #US, #Russia, #explosive devices, #JFK, #flight, #police, #ဆင်ဟွာ

……………………………..

(English Version)

U.S. police checks Russian airliner for explosive devices: Sputnik

MOSCOW, Dec. 7 (Xinhua) — New York police are checking a flight of Russian airline Aeroflot from Moscow at the John F. Kennedy International Airport (JFK) for explosive devices, the Sputnik reported on Monday.

“The police received a notification about the presence of an explosive device on board,” a spokesperson for the Russian embassy in the United States was quoted by Sputnik as saying. “As far as we know, they are searching the plane for explosive devices.”

There is no information related to the search results or any possible detentions until now, and the flight back to Moscow is delayed, according to the embassy.

A representative of Port Authority Police told the media that all passengers have disembarked the plane, said the report.

The Aeroflot plane landed at the JFK at around 3:45 p.m. local time (2045 GMT) on Sunday. Enditem

The police checks body temperature of passengers of Emirates Flight 203 at John F. Kennedy International Airport in New York City, the United States, Sept. 5, 2018. Emirates Flight 203 from Dubai landing at John F. Kennedy International Airport on Wednesday has been quarantined after passengers were reported to be sick, local media reported.