ဝါရှင်တန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) ယနေ့ကျင်းပပြုလုပ်ခဲ့သော အမေရိကန်နိုင်ငံလွှတ်တော်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီက ရီဘတ်ဗလီကန်ပါတီအပေါ် အောက်လွှတ်တော်၌ မဲနေရာအများစု အနိုင်ရရှိခဲ့ကြောင်း နှင့် အထက်လွှတ်တော်ဆီးနိုတ်၌ ရီဘတ်ဗလီကန်ပါတီက ဒီမိုကရက်တစ်အပေါ် လွှတ်တော်ကိုယ်စားလှယ်နေရာအများစု အနိုင်ရရှိကြောင်း ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များအရ သိရသည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) အထက်လွှတ်တော်(ဆီးနိတ်) နှင့် အောက်လွှတ်တော်အမတ်နေရာများအတွက်တို့တွင် ဝင်ရောက်အရွေးခံကြမည့် ကိုယ်စားလှယ်လောင်းများ၏ ယှဉ်ပြိုင်မှု ကုန်ကျစရိတ်သည် အမေရိကန် ဒေါ်လာ ၂.၅ ဘီလီယံ အထိတိုးမြင့်လာသကဲ့သို့ ၂ဝ၁၈ ခုနှစ် အမေရိကန်လွှတ်တော်ရွေးကောက်ပွဲသည် အမေရိကန်သမိုင်းတွင် ကုန်ကျစရိတ်အများဆုံး ကွန်ဂရက် ရွေးကောက်ပွဲတစ်ခုဖြစ်မည်ဟု မျှော်လင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်မှုစင်တာ၏...
ဝါရှင်တန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ် အရှေ့တောင်ပိုင်း Baltimore မြို့ ရှိ Amazon ၏ ဖြန့်ချိရေးဂိုဒေါင်တစ်ခု ၌ အဆောက်အဦးအစိတ်အပိုင်းတစ်ခု ပြိုကျရာ လူ ၂ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၃ရက် တွင် ပြောကြားခဲ့သည်။
နယူးယောက် ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်လူမျိုးတို့၏ ယဉ်ကျေးမှုအမွေအနှစ် ပေါ်ကြွယ်မှုကို ဖော်ကျူးသည့်အနေဖြင့် နိုဝင်ဘာ ၃ ရက်က နယူးယောက်မြို့၌ ရှေးဟောင်းတရုတ်စစ်သည်တော်(တာရာကိုတာ) ပုံစံ အဝတ်အစားများ ဝတ်ဆင်ထားသည့် အပြေးသမား ၁ဝဝ ကျော်သည် မာရသွန်ပြေးပွဲငယ်တစ်ခုကို ဆင်နွှဲခဲ့ကြကြောင်းသိရသည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ် Tallahassee မြို့ တွင် နိုဝင်ဘာ ၂ ရက် ၌ သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ရာ သေနတ်ပစ်ခတ်သူ အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး...
ဝါရှင်တန် ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ကာရေဗီယံဒေသ အမေရိကအလယ်ပိုင်း ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်လာခြင်းအား တားဆီးရန်အတွက် အမေရိကန်နိုင်ငံတောင်ပိုင်းရှိ မက္ကဆီကို နယ်စပ်သို့စစ်သား ၁၅,ဝဝဝ ဦးအထိ စေလွှတ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းသွားလာသူများအုပ်စုလိုက်များပြားစွာ တရားမဝင် ဝင်ရောက်လာမှုကို တားဆီးရန်အတွက် ယခုရက်သတ္တပတ်တွင် အမေရိကန်-မက္ကဆီကို နယ်စပ်သို့ တပ်ဖွဲ့ဝင် ၅,၂၀၀ ကို ပင်တဂွန်စစ်ဌာနချုပ်မှ ဖြန့်ကျက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၉ ရက်က ကြေညာခဲ့သည်။
မက္ကဆီကိုစီးတီး ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) အယ်လ်ဆာဗေးဒိုး နိုင်ငံ ပတ်ဝန်းကျင် နှင့် သဘာဝ အရင်းအမြစ် ဝန်ကြီးဌာန က အောက်တိုဘာ ၂၈ ရက် တွင် နိုင်ငံတောင်ပိုင်း ပင်လယ်ပြင် ၌ ပြင်းအား ၅.၈ အဆင့်ရှိ ငလျင် လှုပ်ခတ်...
ပင်ဆူဗေးနီးယား ၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ပင်ဆူဗေးနီးယားမှ အမျိုးသားတစ်ဦးသည် Pittsburgh မြို့တွင် အောက်တိုဘာ ၂၇ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုကျူးလွန်ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၁ ဦးသေဆုံးခဲ့ရပြီး အခြား ၆ ဦး ထိခိုက်ဒဏ်ရာရ သွားကြောင်းသိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ရှေ့နေချုပ် Jeff Sessions က ဖလော်ရီဒါပြည်နယ်မှ ပါဆယ်ဗုံးတရားခံဖြစ်သူ Cesar Sayoc အား FBI တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး သီးခြားပြစ်မှု ၅ခုဖြင့် စွဲချက်တင်ထားကြောင်း အောက်တိုဘာ ၂၆ ရက်ကပြောကြားခဲ့သည်။