Connect with us

North America

မိုက်ပန့် နှင့် ဟာရစ်တို့ ၏ ဒုသမ္မတလောင်း စကားစစ်ထိုးပွဲမတိုင်မီ COVID-19 စစ်ဆေးမှုတွင် negative အဖြေထွက်

အမေရိကန်နိုင်ငံ ရီဘတ်ပလီကန်ပါတီ ဒုတိယသမ္မတလောင်း မိုက်ပန့်အားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ရီဘတ်ပလီကန် ဒုတိယသမ္မတလောင်း (လက်ရှိဒုသမ္မတ) မိုက်ပန့် (Mike Pence) နှင့် ဒီမိုကရက်တစ်ပါတီ ဒုတိယသမ္မတလောင်း ကမ်မလာဟာရစ်(Kamala Harris) တို့ သည် Salt Lake မြို့ Utah တွင် မကြာမီပြုလုပ်မည့် ၂၀၂၀ ဒုတိယသမ္မတလောင်းစကားစစ်ထိုးပွဲမတိုင်မီ အောက်တိုဘာ ၇ ရက်က COVID-19 ရောဂါ ရှိမရှိ စစ်ဆေးမှုခံယူခဲ့ရာတွင် နှစ်ဦးစလုံး negative အဖြေထွက်ခဲ့ကြောင်း သိရသည်။

ပန့်နှင့်ဇနီးဖြစ်သူ ကာရန်ပန့်တို့သည် ဆေးစစ်ရာတွင် negative အဖြေထွက်ခဲ့ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် ဇနီး Melania Trump တို့သည် ပြီးခဲ့သော ရက်သတ္တပတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိချိန်ကတည်းက ဒုတိယသမ္မတ နှင့် ဇနီးတို့သည် နေ့စဉ် ရောဂါစစ်ဆေးမှုခံယူခဲ့ပြီး ၎င်းတို့ရလဒ်အားလုံးမှာ negative အဖြေ ထွက်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ဒီမိုကရက်တစ်ပါတီ ဒုတိယသမ္မတလောင်း ဟာရစ်အားတွေ့ရစဉ်(ဆင်ဟွာ) 

ဒီမိုကရက်တစ်ပါတီမှ ဒုတိယသမ္မတလောင်း လက်ရှိ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် အောက်လွှတ်တော်အမတ် ဟာရစ်သည် အောက်တိုဘာ ၆ ရက်က ဆေးစစ်ရာတွင် negative အဖြေထွက်ပေါ်ခဲ့ကြောင်း ၎င်း၏ မဲဆွယ်စည်းရုံးရေးအစီအစဉ်အရ သိရသည်။

အမေရိကန်နိုင်ငံ သမ္မတအိမ်ဖြူတော်၌ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မြင့်တက်နေစဉ်အတွင်းမှာပင် မိုက်ပန့် နှင့် ဟာရစ်တို့အကြား မျက်နှာချင်းဆိုင် စကားစစ်ထိုးပွဲအတွက် သွားရာလမ်းသည် ဖြောင့်ဖြူးလျက်ရှိသည်။သမ္မတဒေါ်နယ်ထရမ့်၏ အနီးကပ်အကြံပေးများဖြစ်သော Hope Hicks နှင့် Stephen Miller တို့သည် ရောဂါကူးစက်ခံခဲ့ရပြီးနောက် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ Kayleigh McEnany နှင့် ၎င်း၏ အခြား လက်ထောက် လေးဦးသည်လည်း COVID-19 ရောဂါကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ထရမ့်၏ထိပ်တန်းအကြံပေး Miller ၏ ဇနီးဖြစ်သူ ဒုသမ္မတမိုက်ပန့်၏ ဆက်သွယ်ရေးညွှန်ကြားရေးမှူး Katie Miller သည် ပြီးခဲ့သော မေလက ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ပြန်လည်သက်သာကောင်းမွန်လာခဲ့သည်။ ၎င်းသည် မိုက်ပန့် နှင့်အတူ Salt Lake မြို့သို့ မဲဆွယ်စည်းရုံးရေး အတူတကွသွားရောက်ခဲ့သည်။ သို့သော် ခင်ပွန်းဖြစ်သူ Miller ရောဂါကူးစက်ခံရပြီးဖြစ်၍ ၎င်းအနေဖြင့် အထူးဂရုစိုက်နေထိုင်ရတော့မည်ဖြစ်သည်။

၂၀၂၀ ဒုတိယသမ္မတလောင်း စကားစစ်ထိုးပွဲ စင်မြင့်ထက်တွင် ဟာရစ် နှင့် မိုက်ပန့် တို့သည် တစ်ဦးနှင့်တစ်ဦး ၁၂ ပေအကွာဖြင့် ဟောပြောကြမည်ဖြစ်သလို နှစ်ဦးအကြားတွင် မှန်အကြည်ကာရံထားမည်ဖြစ်ကြောင်းလည်း သိရသည်။အဆိုပါ စကားစစ်ထိုးပွဲကို အမေရိကန်နိုင်ငံ USA Today သတင်းစာ၏ ဝါရှင်တန်ဗျူရိုအကြီးအကဲ Susan Page က ဦးဆောင်ဦးရွက် ထိန်းကြောင်းသူ အဖြစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.