Connect with us

North America

အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံအပေါ်ထားရှိသော ကုန်သွယ်ရေးမူဝါဒများ အောင်မြင်မှုမရှိကြောင်း ပညာရှင်ပြော

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ အလံများကို တွေ့ရစဉ် (ဆင်ဟွာ)

ဟူစတန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အစိုးရထံမှ အချက်အလက်များအရ တရုတ်နိုင်ငံအပေါ်ထားရှိသော အမေရိကန်၏ ကုန်သွယ်ရေးမူဝါဒများသည် အောင်မြင်မှုမရှိကြောင်း တရုတ်နိုင်ငံအရေးလေ့လာသူ အမေရိကန် ကျွမ်းကျင်ပညာရှင်က အောက်တိုဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်-တရုတ် ဆက်ဆံရေးဆိုင်ရာ George H. W. Bush ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌနှင့် စီအီးအို David J. Firestein ကတောင် ကယ်ရိုလိုင်းနားတက္ကသိုလ်တွင် နိုင်ငံတကာစီးပွားရေးဆိုင်ရာ Folks စင်တာမှ ကျင်းပသော အွန်လိုင်းဆွေးနွေးပွဲ၌ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

ထရမ့်အစိုးရလက်ထက် တရုတ်နိုင်ငံအပေါ်ထားရှိသော အမေရိကန် ကုန်သွယ်ရေးမူဝါဒများက “အမေရိကန်များ၏ အလုပ်အကိုင်ကိုဆုံးရှုံးစေကြောင်း” နှင့် “အမေရိကန် စီးပွားရေးကို ထိခိုက်စေကြောင်း” ကို ခိုင်လုံသောအချက်အလက်များက ပြသနေသည်ဟု  Firestein က ဆိုသည်။
“အမေရိကန်ရဲ့ တရုတ်နဲ့ ကုန်စည်အရောင်းအဝယ် လိုငွေပြမှုဟာ ဖြစ်ခဲ့ဖူးတာတွေထက် ပိုပြီးကြီးမားနေပါတယ်။ နိုင်ငံအတွင်း ကုန်ထုတ်လုပ်မှုကလည်း ဆုံးရှုံးနေပြီး တိုးတက်မှုမရှိပါဘူး” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

ဥပမာအားဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် ကြည့်ပါက ယခုအခါ အမေရိကန်နိုင်ငံသည် ကုန်သွယ်ရေးမူဝါဒကြောင့် တရုတ်နိုင်ငံနှင့် စိုက်ပျိုးရေးကုန်စည်လိုငွေပြမှုရှိနေတယ်။ သမ္မတ ထရမ့်မတိုင်မီက ကျွန်တော်တို့မှာ တရုတ်နဲ့ စိုက်ပျိုးရေးထုတ်ကုန် ပိုငွေပြခဲ့ပါတယ်” ဟု အဆိုပါ ပညာရှင်က ပြောခဲ့သည်။
ကုန်သွယ်ရေးနှင့်ပတ်သက်၍ သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ရန် စည်းကြပ်ခွန်များကို ဖယ်ရှားသင့်ကြောင်း၊ အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံအနေဖြင့် ညှိနှိုင်းမှုများ ဆောင်ရွက်သင့်ကြောင်း Firestein က ဆိုသည်။
အဆိုပါ အွန်လိုင်းဆွေးနွေးပွဲသို့ နိုင်ငံနှင့် ဒေသ ၂၀ ကျော်မှ လူ ၄၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။  (Xinhua)