မက္ကဆီကို စီးတီး၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံတောင်ပိုင်းတွင် ဧပြီ ၁၃ ရက်က ဓါတ်ငွေ့တင်ယာဉ်တစ်စီး နှင့် ခရီးသည်တင်ယာဉ်တစ်စီးတို့ ခေါင်းချင်းဆိုင်တိုက်မိမှုကြောင့် သေဆုံးသူ ဦးရေ ၂၄ဦးရှိလာပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဆင်ဟွာသို့ပြောကြားခဲ့သည်။
မက္ကဆီကို စီးတီး၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံမြောက်ပိုင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသော ပြည်နယ်တစ်ခုဖြစ်သည့် Sinaloa ပြည်နယ်တွင် ဧပြီ ၁၂ ရက် အစောပိုင်းက မြေပြင်နှင့်နီးကပ်စွာပျံသန်းလာသော လေယာဉ်တစ်စီးပေါ်မှ လူသေအလောင်း သုံးလောင်းပစ်ချခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဧပြီ ၁၃ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရအဖွဲ့အနေဖြင့် တရုတ်နိုင်ငံအား ငွေကြေးလိုသလို ဆော့ကစားနေသည့် တိုင်းပြည်အဖြစ် တံဆိပ်မကပ်ကြောင်း နှင့် အမေရိကန်ဒေါ်လာသည် အလွန်တောင့်တင်းခိုင်မာမှုရှိကြောင်း ဧပြီလ ၁၂ ရက်တွင်ထုတ်ဖော်ပြောကြားလိုက်သည်။
လော့စ်အိန်ဂျလိစ်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဘာနာဒီနိုမြို့ ရှိ North Park မူလတန်းကျောင်းဝင်း အတွင်း ဧပြီ ၁၀ ရက်က ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး အခြားလူနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် တောင်ပိုင်း ရှိ ကုန်တိုက်တစ်ခု တွင် သေနတ်ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်သတင်းဋ္ဌာနတစ်ခုက ထုတ်ပြန်ခဲ့သည်။
လော့စ်အိန်ဂျလိစ် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) အမေရိကန် တိုက်ခိုက်ရေးရေယာဉ်အုပ်စု U.S. Carl Vinson သည် စင်ကာပူနိုင်ငံမှ ထွက်ခွာလာပြီး ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ပိုင်း ကိုရီးယားကျွန်းဆွယ်အနီးသို့ဦးတည်ခုတ်မောင်းလာနေကြောင်း အမေရိကန်ပြည်ထောင်စု ပစိဖိတ်ဒေသဆိုင်ရာစစ်ဦးစီးချုပ်က ဧပြီလ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။
အန်ကောရေ့စ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် အုပ်ချုပ်ရေးမှူး ဘေလ်ဝေါ်ကာ နှင့် ဧပြီ ၇ရက်နေ့တွင် တွေ့ဆုံကာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို ရှေ့ဆက်လုပ်ဆောင်သွားရန် တိုက်တွန်းခဲ့ပြီး ယင်းသို့ ပူးပေါင်းဆောင်ရွက်မှုများကို တရုတ်-အမေရိကန်ဆက်ဆံရေး အကောင်းဆုံးတိုးတက်လာစေရန် လုပ်ဆောင်မှုများအနက် တစ်ခု...
အမေရိကန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်းလီယွမ်သည် အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ကမ်းရိုးတန်းမြို့ရှိ အနုပညာကျောင်း တစ်ခုသို့ အမေရိကန်နိုင်ငံ သမ္မတ ကတော် မယ်လာနီယာ ထရမ့်နှင့်အတူ ဧပြီလ ၇ ရက်က သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) နိုင်ငံတကာ ငွေကြေးလဲလှယ်မှု အရန်ငွေတွင် ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံ ငွေကြေး ယွမ်ငွေ ပါဝင်မှု အချက်အလက်ကို နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က မတ်လ၃၁ ရက်က ထုတ်ပြန်လိုက်သည်။
ဟို့စ်တန်၊ မတ် ၃၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် ဘုရားကျောင်း ကြိုပို့ယာဉ် ဘတ်စ်ကား တစ်စီးနှင့် ပစ်ကပ်ကား တစ်စီးတို့ မတ်လ ၂၉ ရက်က တိုက်မိခဲ့ရာ လူ ၁၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။