Connect with us

North America

မက္ကဆီကိုစီးတီးတွင် ကား ၁၀ စီးဆင့်တိုက်မှုကြောင့် လူ ၁၀ ဦးသေဆုံး၊ ၁၇ ဦး ဒဏ်ရာရ

မက္ကစီကိုစီးတီးရှိ လူနာတင်ကားတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကိုစီးတီး၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

မက္ကဆီကိုစီးတီးရှိ အဝေးပြေးလမ်းမကြီးတစ်ခုပေါ်တွင် နိုဝင်ဘာလ ၇ ရက်ညပိုင်းက နောက်တွဲထရပ်ကားတစ်စီး ဘရိတ်ပေါက်ပြီးနောက် ကား ၁၀ စီးခန့်ဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး အခြားလူ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက နိုဝင်ဘာလ ၈ ရက်တွင် ပြောကြားလိုက်သည်။

ဒဏ်ရာရသူများအနက် ဦးခေါင်းတွင် ဆက်စပ်ဒဏ်ရာရရှိခဲ့သော မွေးကင်းစ ကလေးငယ်တစ်ဦး အပါအဝင် အခြားသူ ၆ ဦးမှာ စိုးရိမ်ဖွယ် အခြေအနေတွင်ရှိကြောင်း ယင်းမြို့၏ ရှေ့နေချုပ် Edmundo Garrido က သတင်းထောက်များအား ပြောကြားခဲ့သည်။

လူ ၆ ဦးမှာ အခင်းဖြစ်ရာနေရာတွင်ပင် သေဆုံးသွားခဲ့ပြီး ၁၀ ဦးမြောက်လူမှာ နိုဝင်ဘာလ ၈ ရက်တွင် သေဆုံးကြောင်း အတည်ပြုခဲ့သည်။

ကနဦး ရဲတပ်ဖွဲ့အစီရင်ခံစာအရ အဆိုပါ ထရပ်ကားသည် ဆပ်ပြာ ၂၅ တန်ကို တင်ဆောင်လာပြီး ဘရိတ်မပေါက်မီ အမြန်နှုန်း တစ်နာရီလျှင် ၁၀၀ ကီလိုမီတာကျော် မောင်းနှင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စမ်းသပ်မှုများအရ အသက် ၄၁ နှစ်အရွယ် ယာဉ်မောင်းအမျိုးသမီးမှာ မူးယစ်ဆေးဝါး သို့မဟုတ် အရက်သောက်သုံးထားခြင်း မတွေ့ရှိရကြောင်း Garrido က ပြောကြားခဲ့သည်။ လက်ရှိတွင် ၎င်းအား ထိန်းသိမ်းထားကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုသည် ဒေသစံတော်ချိန် နံနက် ရး၀၇ နာရီက မက္ကဆီကိုစီးတီးနှင့် မက္ကစီကိုပြည်နယ်အလယ်ပိုင်း၏ မြို့တော် Toluca နှင့် ချိတ်ဆက်ထားသည့် အဝေးပြေးလမ်းမကြီးပေါ်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.