ဝါရှင်တန်၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က ပြည်တွင်းလုံခြုံရေးဋ္ဌာန ၌ ပြောကြားရန် စီစဉ်ထားသည့် မိန့်ခွန်းမတိုင်မီ နယ်စပ်လုံခြုံရေးမြှင့်တင်ရန်အတွက် သမ္မတ အမိန့် ၂ခုအား ဇန်နဝါရီ ၂၅ရက်က လက်မှတ်ရေးထိုးပေးခဲ့ကြောင်း သိရသည်။
နယူးယောက်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေး မူဝါဒများနှင့် စီးပွားရေး အချက်အလက်သစ်များ ထုတ်ပြန်မှုပေါ် မူတည်၍ အခြား အဓိက ငွေကြေးများနှင့် လဲလှယ် နှိုင်းယှဉ်ရာတွင် အမေရိကန်ဒေါ်လာ ဈေးများမှာ ဇန်နဝါရီလ ၂၄ ရက်က မတည်ငြိမ် ဖြစ်ခဲ့ကြောင်း...
ဝါရှင်တန်၊ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ) ကမ္ဘာကြီး၌ ရင်ဆိုင်ကြုံတွေ့နေရသော အကြမ်းဖက်ဝါဒကို အိန္ဒိယ နှင့် အမေရိကန် နှစ်နိုင်ငံပူးပေါင်း၍ နှိမ်နှင်းတိုက်ခိုက်သွားရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ တို့နှစ်ဦးသည် ဇန်နဝါရီလ ၂၄ ရက်က ကတိပြုခဲ့ကြကြောင်း သိရသည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) မကြာသေးမီက ကျမ်းသစ္စာကျိန်ဆိုထားသော အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်သည် ရုရှားနိုင်ငံနှင့် ပူးပေါင်း၍ IS အစွန်းရောက်အုပ်စုအား တိုက်စစ်ဆင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၃ရက်တွင် အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီလ ၂၃ ရက်တွင် ပစိဖိတ်ဖြတ်ကျော် မိတ်ဘက်ကုန်သွယ်ရေး (TPP ) အဖွဲ့မှ အမေရိကန်နိုင်ငံနှုတ်ထွက်ရန် အတွက် သမ္မတအမိန့်ထုတ်ပြန်ချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် နှင့် အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘန်ဂျမင် နက်တန်ညာဟု တို့သည် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုအားကောင်းလာရေး၊ အရှေ့အလယ်ပိုင်းအတွင်း လုံခြုံရေး နှင့် တည်ငြိမ်မှု ရရှိရန် နည်းလမ်းများ နှင့် ပတ်သက်၍ ဇန်နဝါရီ ၂၂...
ဝါရှင်တန် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန် အရှေ့တောင်ပိုင်းရှိ ပြည်နယ် ၄ခု တွင် ဇန်နဝါရီ ၂၁ ရက်နေ့မှ ၂၂ ရက်အတွင်း ပြင်းထန်သည့် လေဆင်နှာမောင်း နှင့် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခိုက်ခံရသဖြင့် လူပေါင်း ၁၆ ဦးသေဆုံးခဲ့ကာ မြို့အတွင်းရှိ...
ဝါရှင်တန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသား အသက် ၉၄နှစ်အရွယ် အဖွားအိုတစ်ဦး သည် ကောလိပ်တစ်ခုမှ ရမှတ်ကောင်းများ ဖြင့် ဘွဲ့ရလာပြီးနောက် မာစတာဘွဲ့ထပ်မံရယူရန် စိတ်အားသန်နေကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် နှင့် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ထရီဇာမေ တို့သည် ဇန်နဝါရီလ ၂၇ ရက်တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအဖွဲ့အတွင်းရေးမှူး Sean Spicer က ဇန်နဝါရီလ ၂၁ ရက်တွင်ပြောကြားခဲ့သည်။
လော့စ်အိန်ဂျလိစ် ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ သမ္မတဒေါ်နယ်ထရမ့် ရာထူးလက်ခံပြီး တစ်ရက်အကြာ ဇန်နဝါရီလ ၂၁ ရက်တွင် လော့စ်အိန်ဂျလိစ်မြို့၌ လူပေါင်း ၅ သိန်းကျော် ပါဝင်သော လူထုဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။