ဟူစတန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) မက္ကဆီကို နယ်စပ်နှင့် ထိစပ်နေသည့် အမေရိကန်မြို့တစ်မြို့တွင် သြဂုတ် ၁၄ရက် နေ့လည်ပိုင်းက ကားနောက်တွဲတစ်ခုအတွင်း တရားဝင်စာရွက်စာတမ်းများ မပါရှိသည့် ရွှေ့ပြောင်းနေထိုင်သူအုပ်စု တစ်စုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ဘဂ္ဂဒက် ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ကာကွယ်ရေးဝန်ကြီး ဌာန က သြဂုတ်လ ၁၃ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် အမေရိကန် နိုင်ငံ တပ်ဖွဲ့ မှ အီရတ် နိုင်ငံ မြောက်ပိုင်းတွင် စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာတွင် အမေရိကန်...
ဝါရှင်တန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Charlottesville မြို့၌ လူဖြူအမျိုးသားရေးဝါဒီများ နှင့် လက်ယာယိမ်းဝါဒီများက သြဂုတ်လ ၁၁ ရက်တွင် စုဝေးဆန္ဒပြခဲ့ကြပြီး ယင်းလုပ်ရပ်အပေါ် သမ္မတ ဒေါ်နယ်ထရမ့်က ကန့်ကွက် ရှုတ်ချလိုက်ကြောင်း သိရသည်။
ဝါရှင်တန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Charlottesville မြို့အနောက်တောင်ဘက် ၁၁ ကီလိုမီတာ( ၇-မိုင်)အကွာ ၌ သြဂုတ်လ ၁၂ ရက် ညနေပိုင်းက ရဟတ်ယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးသွားကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယနေ့ (သြဂုတ်လ ၁၂ ရက်) တယ်လီဖုန်းဖြင့် ပြောဆိုရာတွင် ကိုရီးယားကျွန်းဆွယ် နျူကလီးယားအရေးနှင့် ပတ်သက်၍ ကန့်သတ်မှုများ လုပ်ဆောင်ရန် သက်ဆိုင်ရာနိုင်ငံများအား တိုက်တွန်းပြောကြားလိုက်ကြောင်း သိရသည်။ သက်ဆိုင်ရာ...
ဝါရှင်တန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အိမ်ဖြူတော် အနီးရှိ ထရမ့် နိုင်ငံတကာ ဇိမ်ခံဟိုတယ်က ယခုနှစ် ပထမ လေးလအတွင်း အသားတင် အမြတ်ငွေ ၁.၉၇ သန်း ရရှိခဲ့ကြောင်း လတ်တလော ထုတ်ပြန်ထားသည့် ဖက်ဒရယ် အချက်အလက်များအရ သိရသည်။
လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) မြောက်ကိုးရီးယားနိုင်ငံသည် ဂူအမ်ကျွန်းသို့ ဦးတည်၍ ဒုံးကျည်များပစ်ခတ်ပါက ကျွန်းပေါ်သို့ ရောက်ရှိရန် ၁၄မိနစ်ကြာမြင့်နိုင်မည်ဖြစ်ပြီး ယင်းအချိန်အတွင်း အများပြည်သူအား သတိပေးနိုင်မည်ဖြစ်ကြောင်း ဂူအမ် အမိမြေလုံခြုံရေးဋ္ဌာန က သြဂုတ် ၁၀ ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များသည် IS အစွန်းရောက်အဖွဲ့၏ ငွေကြေးစီးဆင်းမှုအား ဖြတ်တောက်ပစ်ရန် အီရတ်နှင့် ဆီးရီးယားရှိ IS တို့၏ ငွေကြေးစင်တာများ နှင့် ဘဏ်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာန က သြဂုတ် ၁၀ ရက် တွင်ပြောကြားခဲ့သည်။
ဝါရှင်တန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အရှေ့တောင်ပိုင်း၌ ရပ်နားထားသည့် ပူလောင်နေသော ဗင်ကား တစ်စီးအတွင်း အသက် သုံးနှစ်အရွယ် ယောကျ်ားလေး တစ်ဦး သေဆုံးနေသည့်ကို တွေ့ရှိပြီးနောက် နေ့ကလေးထိန်းကျောင်း ယာဉ်မောင်းအား တရားစွဲထားကြောင်း သြဂုတ်လ ၈ ရက်က ဒေသခံ ရဲတပ်ဖွဲ့က...
ချီကာဂို၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ မြောက်ပိုင်း ချီကာဂိုမြို့ရှိ အိမ်ယာတစ်ခုအပြင်ဘက်တွင် ရပ်နေသော လူများအား သေနတ်သမားများက ပစ်ခတ်ခဲ့ရာ လူ တစ်ဦးသေဆုံးပြီး အခြားလူ ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းရဲတပ်ဖွဲ့က သြဂုတ် ၉ ရက်တွင်ပြောကြားခဲ့သည်။