Connect with us

North America

အမေရိကန် နိုင်ငံ တောင်သူလယ်သမားများ ၏ ပြင်းထန်စွာ ပြစ်တင်ဝေဖန် မှု ကို ခံနေရသော ဒေါ်နယ်ထရမ့် အစိုးရ ၏ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလစ် ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ရှိ တောင်သူလယ်သမား များ က ဒေါ်နယ်ထရမ့် အစိုးရ ဆောင်ရွက်နေသည့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ (Protectionism) အား ဒေါသတကြီး ပြစ်တင်ခဲ့ကြပြီး ယင်းကဲ့သို့သော ညံ့ဖျင်းသည့် ဆောင်ရွက်မှုမျိုး မပြုလုပ်ရန် ဝေဖန် ခဲ့ကြသည်။

အမေရိကန် နိုင်ငံ အစိုးရ ၏ လတ်တလော ကာလ အတွင်း ဆောင်ရွက် ခဲ့သော မိမိ နိုင်ငံ ကို ထိခိုက်စေသည့် အပြင် အခြားနိုင်ငံများကိုလည်း နစ်နာစေသော ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒ က အမေရိကန် နိုင်ငံ ရှိ တောင်သူလယ်သမားများ အား စိုးရိမ်မှု နှင့် အမြတ်ဒေါသ ထွက်ခြင်း တို့ကို ဖြစ်ပွား စေခဲ့သည်။ အမေရိကန် နိုင်ငံ တောင်သူလယ်သမား များက အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်မှု အတွက် အကောင်အထည်ဖော်ခဲ့သူများ ဖြစ်သလို အကျိုးကျေးဇူး ကို ခံစားခဲ့ရသူများလည်း ဖြစ်ကြသည်။ သို့သော် အမေရိကန် နိုင်ငံ ရှိ တောင်သူလယ်သမား များအနေဖြင့် ပူးပေါင်းဆောင်ရွက်လျင် နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းမည် ၊ တိုက်ခိုက်ကျလျင် နှစ်ဘက်လုံး ထိခိုက်ကြမည် ဆိုသည့် လက်တွေ့အခြေအနေ ကို ရင်ဆိုင်နေကြရသည်။

အမေရိကန် နိုင်ငံ အစိုးရ အနေဖြင့် မတ်လပိုင်း မှ စတင်၍ တစ်ဖက်သတ် ကုန်သွယ်ရေး ကာကွယ်မှု ဆောင်ရွက်ချက်များကို အရှိန်မြှင့်တင်ဆောင်ရွက် ခဲ့သည်။ ယင်းဆောင်ရွက်မှု ကြောင့် အမေရိကန် နိုင်ငံ နှင့် နိုင်ငံတကာ ရှိ အဓိက ကုန်သွယ်ဖက် နိုင်ငံများ အကြား ကုန်သွယ်မှု စစ်ပွဲ ဖြစ်ပွားလာမည့် အမေရိကန် တောင်သူလယ်သမား များ၏ စိုးရိမ်မှု သည်လည်း တဖြည်းဖြည်း ပိုမိုမြင့်တက်လာ ခဲ့သည်။ ၎င်းတို့အနေဖြင့် ဆင်ဟွာ သတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှု ကို ဖြေကြားခဲ့ရာတွင် အများစုမှာ စိုးရိမ်မှု ဖြစ်ပွားနေသည် ကို တွေ့ရှိခဲ့ရပြီး အိမ်ဖြူတော် ၏ ဆုံးဖြတ်ချက် ကို လွန်စွာ ဒေါသ ဖြစ်ပွား နေကြောင်း တွေ့ရှိခဲ့ရသည်။

Nebraska တောင်သူလယ်သမားများ အဖွဲ့ချုပ် ဥက္ကဋ္ဌ John Henson က ဒေါ်နယ်ထရမ့် အစိုးရ ၏ ကုန်သွယ်ရေး မူဝါဒ ဆုံးဖြတ်ချက် မှာ နက်ရှိုင်းစွား စဉ်းစားတွေးခေါ်ထားခြင်း မရှိဘဲ အစီအစဉ်ကျနမှု နှင့် ရေရှည်ဆောင်ရွက်နိုင်မှု ကင်းမဲ့သည့် ဆုံးဖြတ်ချက် တစ်ခု ဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

John Henson သည် ယခင် အမေရိကန် နိုင်ငံ သမ္မတ များဖြစ်ကြသော ကလင်တန် ၊ ဂျော့ဒ်ဒဗလျူဘုရှ် နှင့် အိုဘားမား စသည့် အစိုးရ များ တာဝန်ယူစဉ် ကာလတစ်လျှောက် အမေရိကန် နိုင်ငံ ၏ ကုန်သွယ်ရေး အကြံပေး ပုဂ္ဂိုလ် အဖြစ် ဆောင်ရွက်ပေးခဲ့သူ တစ်ဦး ဖြစ်သည်။

John Henson က ဒေါ်နယ်ထရမ့် ၏ တရုတ် နိုင်ငံနှင့် ကုန်သွယ်ရေး မညီမျှမှု ကို ဖြေရှင်းနိုင်ရန် ဆောင်ရွက်သည့် ကြိုးပမ်းမှု မှာ လုံးဝမှားယွင်းနေကြောင်း ၊ ယခင်အစိုးရ အဆက်ဆက် မှ ချမှတ် ခဲ့သည့် မူဝါဒ များတွင် ရေရှည်ဆောင်ရွက်နိုင်မှု တည်ရှိပြီး အစိုးရ အနေဖြင့် ကုန်သွယ်ရေး မညီမျှမှု ကို ဖြေရှင်းရန် မူဝါဒ တစ်စုံတစ်ရာ ချမှတ်ရာတွင် ဦးစွာ တောင်သူလယ်သမား များ၏ အကျိုးစီးပွား ကို ဦးစွား ထည့်သွင်း စဉ်းစား ဆောင်ရွက်ခဲ့ကြသော်လည်း လက်ရှိအစိုးရ အနေဖြင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေခဲ့ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ ပဲကုန်သည်များ အသင်း ဥက္ကဋ္ဌ John Heisdorffer က ဒေါ်နယ်ထရမ့် အစိုးရ အား အပြုသဘောဆောင်သည့် ပုံစံမျိုးဖြင့် တရုတ် နိုင်ငံ နှင့် ကုန်သွယ်ရေး ဆိုင်ရာ အငြင်းပွားမှု ကို ကိုင်တွယ်ဖြေရှင်းသွားရန် တိုက်တွန်း လိုကြောင်း ၊ ပြစ်ဒဏ်ချမှတ် သည့် ပုံစံ မျိုးဖြင့် ကိုင်တွယ်ဖြေရှင်း ပါက အမေရိကန် နိုင်ငံ ရှိ ပဲစိုက်ပျိုးသော တောင်သူလယ်သမားများ ၏ အကျိုးစီးပွား ကို ဆိုးရွားစွာ ထိခိုက်စေမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ ၏ လတ်တလော ရက်ပိုင်း အသစ် ထုတ်ပြန်ကြေညာ ခဲ့သည့် အမေရိကန် နိုင်ငံ ပဲပိစပ် စသည့် ပဲအမျိုးမျိုး ထုတ်ကုန် များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည့် ကြေညာချက် သည် အမေရိကန် နိုင်ငံ ရှိ ပဲစိုက်တောင်သူများ အားလုံး ကို ဘေးဒုက္ခသဖွယ် ထိခိုက်မှု ဖြစ်ပွားစေမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ ၏ တုံ့ပြန်ဆောင်ရွက်မှု ကြေညာချက် ထွက်ပေါ်ပြီးနောက်တွင် အမေရိကန် နိုင်ငံ ၌ ပဲရောင်းဝယ်မှု ဈေးနှုန်းများကျဆင်းလာခဲ့ပြီး ၂၀၁၈ ခုနှစ် ပဲစိုက်ပျိုးထွက်ရှိမှု ခန့်မှန်းချက်အရ အမေရိကန် နိုင်ငံ တောင်သူလယ်သမားများ အနေဖြင့် အမေရိကန် ဒေါ်လာ ၁.၇၂ ဘီလီယံ ဆုံးရှုံး နစ်နာမှု ဖြစ်ပွား စေမည်ဖြစ်ကြောင်း ၊ ကိုယ်ကျိုးစီးပွား ကာကွယ်မှု ကို မဆောင်ရွက်ပါက ယင်းဆုံးရှုံး နစ်နာမှု များ ဖြစ်လာစရာမရှိကြောင်း ဧပြီလ ၄ ရက်နေ့ ၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ဒေါ်နယ်ထရမ့် အစိုးရ ၏ သံ ၊ သံမဏိ နှင့် အလူမီနီယံ ကုန်ပစ္စည်းများ အပေါ် အခွန်တိုးမြှင့် ကောက်ခံ သည့် ကြေညာချက် ထွက်ပေါ်လာပြီး နောက်ပိုင်း တွင် အမေရိကန် နိုင်ငံ ဂျုံရောင်းဝယ်ရေး လုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းရှင် Gary Buchanan က ဂျုံ နှင့် ဂျုံထုတ်ကုန် များက တုံ့ပြန်ဆောင်ရွက်ရန် ပစ်မှတ် ဖြစ်လာ မည်လည်း ကို စိုးရိမ်မှု ဖြစ်ပွား လာသည်။

Gary Buchanan က ကနေဒါ နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့သည် ကျွန်တော် တို့၏ အကြီးဆုံးသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် နိုင်ငံများ ဖြစ်ကြပြီး ၎င်းတို့အနေဖြင့် တုံ့ပြန်မှု ပြန်လည် ဆောင်ရွက်လာပါက ကျွန်တော်တို့၏ စိုက်ပျိုးရေး လုပ်ငန်းကို ထိခိုက်လာစေမည် ဖြစ်ကြောင်း ၊ လွှတ်တော် အမတ်များ အနေဖြင့်လည်း သမ္မတ အား ညံ့ဖျင်းသည့် ဆောင်ရွက်မှု များ မပြုလုပ်ရန် ပြောကြား ကြရမည် ဖြစ်ကြောင်း ဆိုသည်။

အမေရိကန် နိုင်ငံ စိုက်ပျိုးရေး ဝန်ကြီးဌာန ၏ စာရင်းပြုစုချက်အရ အမေရိကန် နိုင်ငံ တွင် စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ ၂.၁ သန်း တည်ရှိကာ ၎င်းတို့အနက် ၉၀ ရာခိုင်နှုန်း မှာ အသေးစား နှင့် အလတ်စား စိုက်ပျိုးရေး လုပ်ငန်းရှင်များ ဖြစ်ကြပြီး နှစ်စဉ် ထုတ်လုပ်မှု တန်းဖိုးမှာ အမေရိကန် ဒေါ်လာ ၇၀ ဘီလီယံ ရှိကာ အမေရိကန် စိုက်ပျိုးထွက်ကုန် တင်ပို့မှု၏ ၅၀ ရာခိုင်နှုန်း တည်ရှိကြောင်း သိရှိရသည်။ လေ့လာသုံးသပ်ရေး သမားများက စိုက်ပျိုးရေး လုပ်ငန်းရှင် များ အနေဖြင့် ကုန်သွယ်ရေး စစ်ပွဲ မှ ဖြစ်ပေါ်လာသည့် သက်ရောက်မှု အပေါ်ခံနိုင်ရည်စွမ်း မှာ ကုန်သွယ်ရေး လုပ်ငန်း ဆောင်ရွက်သူများ ထက် များစွာ အားနည်းကြောင်း သုံးသပ် ခဲ့ကြသည်။

အမေရိကန် နိုင်ငံ အမျိုးသား စိုက်ပျိုးရေး လုပ်ငန်းရှင် အဖွဲ့ချုပ် မှ Jerome က ဒေါ်နယ်ထရမ့် ၏ လုပ်ဆောင်မှုများသည် လွန်စွာပေါ့ဆ သည့် ဆောင်ရွက်မှု တစ်ခု ဖြစ်ပြီး ၎င်းအနေဖြင့် အခြားနိုင်ငံ များက တုံ့ပြန်မှု ဆောင်ရွက်လိမ့်မည် ကို သိရှိထားပါက ယခုကဲ့တို့ ဒဏ်ကြေးချမှတ်သည့် ပုံစံ မျိုးဖြင့် အခွန်တိုးကောက်မည့် အကြံဉာဏ် ထွက်ရှိလာမည် မဟုတ်ကြောင်း ၊ ကုန်သွယ်ရေး စစ်ပွဲ စတင်လာချိန်တွင် အမေရိကန် နိုင်ငံ ၏ စိုက်ပျိုးရေး လုပ်ငန်း မှာ ဦးစွာ ထိခိုက်မှု ဖြစ်ပွား စေမည် ဖြစ်ပြီး ကောက်ပဲသီးနှံ ၊ ဝိုင် ၊ သစ်သီး နှင့် ဝက်သား စသည့် တို့မှာလည်း ထိခိုက်မှု ဖြစ်ပွား လာမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

ကယ်လီဖိုးနီးယား ပြည်နယ် မှ စိုက်ပျိုးရေး လုပ်ငန်းရှင် တစ်ဦး က ၂၀၀၉ ခုနှစ် တွင် အမေရိကန် နိုင်ငံ နှင့် မက္ကဆီကို နိုင်ငံ အကြား ဖြစ်ပွား ခဲ့သည့် ကုန်သွယ်ရေး စစ်ပွဲ တွင် မက္ကဆီကို နိုင်ငံ မှ တုံ့ပြန်မှု အနေဖြင့် အမေရိကန် နိုင်ငံ မှ တင်သွင်း သည့် စိုက်ပျိုးရေး ထွက်ကုန်များ အပေါ် အခွန်များ တိုးမြှင့် ခဲ့သောကြောင့် အမေရိကန် နိုင်ငံ ရှိ ကုန်သည်များ နှင့် စိုက်ပျိုးရေးလုပ်ငန်းရှင် များ ဆိုးရွားစွာ ထိခိုက် နစ်နာမှု ဖြစ်ပေါ်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

လက်ရှိချိန်တွင် ကယ်လီဖိုးနီးယား ပြည်နယ် ရှိ စိုက်ပျိုးရေး လုပ်ငန်းရှင် များက စိုးရိမ်မှု များဖြစ်ပွား နေကြပြီး ၎င်းတို့ အနေဖြင့် အခြားနိုင်ငံများ ၏ တုံ့ပြန်ဆောင်ရွက်မှုများသည် ၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ တွင် ဒေါ်နယ်ထရမ့် ကို ထောက်ခံခဲ့သည့် မဲဆန္ဒနယ် များ ကို ဦးတည် ဆောင်ရွက်နေကြောင်း သတိပြုမိလာသောကြောင့် ဖြစ်သည်။

အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ် ၌် ကမ္ဘာပေါ်တွင် ဗာဒမ်သီး အများဆုံး စိုက်ပျိုးထုတ်လုပ်သည့် လုပ်ငန်း တည်ရှိပြီး အခြား နို့ထွက်ပစ္စည်းများ ၊ သစ်သီး နှင့် ဆက်စပ် ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများ ၊ မွေးမြူရေး အစာ နှင့် ဝိုင် ထုတ်လုပ်ရေး လုပ်ငန်းများလည်း တည်ရှိသည်။ သို့သော် ကုန်သွယ်ရေး စစ်ပွဲကြောင့် ကယ်လီဖိုးနီးယား ပြည်နယ် ၏ နှစ်စဉ် စိုက်ပျိုးရေး လုပ်ငန်း ထွက်ကုန် စုစုပေါင်း တန်ဖိုး အမေရိကန် ဒေါ်လာ ၄၅ ဘီလီယံ မှာ ပြင်းထန်စွာ ထိခိုက်မှု ကို ခံစားရနိုင်ဖွယ် ရှိသည်။

ကယ်လီဖိုးနီးယား ပြည်နယ်ရှိ စီးပွားရေး လုပ်ငန်းရှင် Glenn Nemhauser က လက်ရှိချိန်တွင် ပြည်နယ်တွင်း၌ ဆန်စပါး စိုက်ပျိုးရေး လုပ်ငန်း ကို အဓိက လုပ်ကိုင်နေကြပြီး တရုတ် နိုင်ငံ စသော အာရှ နိုင်ငံ များသို့ အတိုင်းအတာ ကြီးမားစွာ တင်ပို့မှုများ ဆောင်ရွက်နေရာ ကုန်သွယ်ရေး စစ်ပွဲ စတင်ချိန်တွင် ဒေသတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်း မှာလည်း နိဂုံးချုပ် ရတော့မည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.