Connect with us

North America

လက်လုပ်အမြောက် ပေါက်ကွဲမှုကြောင့် အမေရိကန် လူငယ်တစ်ဦး သေဆုံး

အခင်းဖြစ်ပွားရာနေရာအား ရဲတပ်ဖွဲ့က လုံခြုံရေးစည်းတားထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနောက်ပိုင်း Wyoming ပြည်နယ်တွင် နေထိုင်သော အသက် ၁၄ နှစ်အရွယ် လူငယ်လေးတစ်ဦးသည် ၎င်းကိုယ်တိုင် ပြုလုပ်ထားသော လက်လုပ်အမြောက်အား သူငယ်ချင်းအား ပြသစဉ် ပေါက်ကွဲကာ သေဆုံးသွားခဲ့ကြောင်း Gillette News Record သတင်းစာက ဧပြီလ ၆ ရက်တွင် ရေးသားထားသည်။

အဆိုပါ သတင်းအရ Archie Pearce သည် စတီးပိုက် တစ်ခု၊ အဝတ်နှင့် အမြောက် သို့မဟုတ် မီးရှူးမီးပန်းအမှုန့်တို့ဖြင့် အမြောက်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် YouTube ဗီဒီယိုများမှ အမြောက်ပြုလုပ်ပုံ ပြုလုပ်နည်းကို လေ့လာခဲ့သည်ဟု ဆိုသည်။

ယင်းဖြစ်ရပ်သည် ဧပြီလ ၅ ရက် ညနေပိုင်းက အမြောက်ပြောင်း ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့ကြောင်း၊ အမြောကပြောင်းကို အလွန်တင်းကြပ်စွာ ပတ်ထားသည့်အတွက်ကြောင့် ဖြစ်ကြောင်း ဒေသခံ ဗုံး နည်းပညာရှင်များက ပြောကြားခဲ့သည်။

“ဒါက တော်တော်ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်ပါပဲ၊ ဒါကလဲ လေ့လာစမ်းသပ်ချင်တဲ့အနေနဲ့ လုပ်ခဲ့ခြင်းဖြစ်ပါတယ်” ဟု ဒေသခံ ရဲအရာရှိ Scott Matheny က ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.