ပြုံယမ်း၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) အသစ်တိုးတက်လာသော ထိန်းချုပ်ပစ်ခတ်နိုင်သည့် ဒုံးကျည်စနစ်အား စမ်းသပ်ပစ်ခတ်ရန် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un)က ဇူလိုင် ၃၁ ရက်တွင် ညွှန်ကြားခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းဌာန (KCNA) က သြဂုတ် ၁ ရက်တွင် ဖော်ပြခဲ့သည်။
ဘန်ကောက်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဇူလိုင်လ ၃၁ ရက်က ကတိပြုခဲ့ကြကြောင်း သိရသည်။
ဝါရှင်တန်၊ သြဂုတ် ၁ ရက်(ဆင်ဟွာ) အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif) ကို ပိတ်ဆို့မှုများ ပြုလုပ်မည်ဟု အမေရိကန် အစိုးရက ဇူလိုင် ၃၁ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။
မက္ကဆီကို ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ) မက္ကဆီကို နိုင်ငံ အရှေ့တောင်ပိုင်း Quintana Roo ပြည်နယ်ရှိ Bacalar ခရီးသွား အပန်းဖြေ စခန်း တစ်ခု အနီး အဝေးပြေး လမ်းမပေါ်တွင် ဇူလိုင် ၃၁ ရက် အစောပိုင်းက ကုန်တင်ယာဉ်ကို လက်နက်ကိုင်များက ပစ်ခတ်ခဲ့သောကြောင့်...
ဘန်ကောက်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများက နီးကပ်သောဆက်ဆံရေး ခိုင်မာအောင် ကြိုးပမ်းရန် တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဇူလိုင်လ ၃၁ ရက်က သဘောတူခဲ့ကြကြောင်း သိရသည်။
ပါရီ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ) ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် FIFA အကောင်းဆုံးအမျိုးသားဘောလုံးသမားဆု ဆန်ကာတင်စာရင်း ၁ဝ ဦးတွင် ခရစ်စတီယာနိုရော်နယ်ဒို နှင့် မက်ဆီ တို့ပါဝင်လာကြောင်း သိရသည်။
ဟူစတန်၊သြဂုတ် ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ ရေနံချက်စက်ရုံတစ်ခုတွင် ဇူလိုင် ၃၁ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistanပြည်နယ် Quettaမြို့တွင် ဇူလိုင် ၃၀ ရက် ညနေပိုင်းက ဖောက်ခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆန်ဆယ်လ်ဗေဒိုး၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) အယ်ဆယ်လ်ဗေးဒိုးနိုင်ငံ ကမ်းရိုးတန်းတွင် အင်အား ၅.၉ ပမာဏရှိသော ငလျင်တစ်ခု ဇူလိုင်လ ၃၁ ရက် အစောပိုင်းက လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးက ပြောကြားခဲ့သည်။
ဆိုးလ်၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက အရှေ့ဘက်ကမ်းရိုးတန်းတွင် တာတိုပစ်ဒုံးကျည် ၂ စင်းပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ဇူလိုင်လ ၃၁ ရက်တွင် ပြောကြားခဲ့သည်။