Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းတွင် ဖောက်ခွဲတိုက်ခိုက်မှုဖြစ်ပွား ၊ လူ ၄ ဦး သေဆုံး


အစ္စလာမ်မာဘတ်၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistanပြည်နယ် Quettaမြို့တွင် ဇူလိုင် ၃၀ ရက် ညနေပိုင်းက ဖောက်ခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် လူ ၄ ဦးသေဆုံးပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသ ဆေးရုံအရာရှိတစ်ဦးက ဆိုသည်။

အချင်းဖြစ်ရပ်မှာ Quettaမြို့ Liaqatဈေးရှိ ရဲစခန်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲကားကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း Quettaမြို့ ရဲအရာရှိ Abdul Razzaq Cheem က ဒေသခံမီဒီယာများကို ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဖောက်ခွဲတိုက်ခိုက်မှုဖြစ်ပွားရာ အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ရဲကားအနီးတွင် ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ဆိုင်ကယ်ကို အဝေးထိန်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ လူစည်ကားရာနေရာဖြစ်သည့်အတွက် လူအမြောက်အမြား သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သေဆုံးသူများတွင် ရဲဝန်ထမ်း ၂ ဦးပါဝင် ကြောင်းနှင့် ဒဏ်ရာရသူအများစုမှာ ဈေးဝယ်နေသည့် အရပ်သားများ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့နှင့်လုံခြုံရေးတပ်ဖွဲ့များက အချင်းဖြစ်နေရာတစ်ဝိုက်ကို ပိတ်ဆို့ထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း နှင့် ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း သိရသည်။

အချင်းဖြစ်ပွားမှုတွင် လူ ၄ ဦး သေဆုံးပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာရသူအများစုမှာ အခြေအနေဆိုးဝါးသောကြောင့် သေဆုံးသူ ဦးရေတိုးလာနိုင်ဖွယ်ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117