နယူးဒေလီ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ်ပရာဒက်ရ်ှ(Himachal Pradesh)ပြည်နယ် ဆိုလန်(Solan)ဒေသ၌ ဇူလိုင် ၁၄ ရက်က ဖြစ်ပွားသော အဆောက်အဦပြိုကျမှုတွင် သေဆုံးသူဦးရေသည် ၁၄ ဦး အထိ မြင့်တက်လာပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
အစ္စတန်ဘူလ် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) တူရကီ နိုင်ငံ သမ္မတ တေရဖ် အာဒိုဂန်(Tayyip Erdogan)က ရုရှား၏ S-400 လေကြောင်းရန် ကာကွယ်ရေး စနစ်အား ၂၀၂၀ ခုနှစ် ဧပြီလတွင် အလုံးစုံ တပ်ဆင်သွားမည် ဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ ၏ ကမ္ဘာ့ စားနပ်ရိက္ခာ လုံခြုံရေး နှင့် အဟာရ အခြေအနေ အစီရင်ခံစာ အရ လတ်တလော နှစ်ပိုင်း အတွင်း ကမ္ဘာ့ စားနပ်ရိက္ခာ လုံလောက်စွာ မရရှိသည့် လူဦးရေ မှာ အဆက်မပြတ်...
ဝါရှင်တန် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) ယခုရက်သတ္တကုန်ပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ပြုလုပ်မည့် ရုရှားနိုင်ငံနှင့် စစ်လက်နက်ထိန်းချုပ်ရေးဆိုင်ရာဆွေးနွေးပွဲသို့ အမေရိကန်ဘက်က အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ခုကို စေလွှတ်သွားမည်ဖြစ်ကြောင်း အမေရိကန်ပြည်တွင်းမီဒီယာက ဇူလိုင် ၁၅ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
လန်ဒန် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ) အသစ်ထွက်ရှိလာမည့် ပေါင် ၅ဝ တန် ငွေစက္ကူသစ်တွင် နာမည်ကျော် ဒုတိယကမ္ဘာစစ် ဝှက်စာဖော်ပညာရှင် အလန်တူရင်း(Alan Turing) ၏ ဓာတ်ပုံကို ထည့်သွင်းရိုက်နှိပ်သွားမည်ဖြစ်ကြောင်း အင်္ဂလန်ဘဏ်က ဇူလိုင် ၁၅ ရက်တွင် ကြေညာခဲ့သည်။
ဒက်ကာ၊ ဇူလိုင်လ ၁၆ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံ၏သုံးပုံတစ်ပုံဖြစ်သောခရိုင် ၁၈ ခု၌ ရေလွှမ်းမိုးမှုဖြစ်ပွားလျက်ရှိရာ လူ ၂၀ ဦးသေဆုံးခဲ့ရပြီး ရေလွှမ်းမိုးမှုဒဏ်ကို လူ ၅၀၀,၀၀၀ ခန့်ခံစားရလျက်ရှိကာ မိသားစုပေါင်းများစွာ အိုးအိမ်များစွန့်ခွာထွက်ပြေးခဲ့ကြရကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာန မှအရာရှိတစ်ဦးဖြစ်သည့် အမ်ဒီ အဘူဘာကာ(Md Abu Bakar) ကဇူလိုင်လ...
ဂျာကာတာ ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှား နိုင်ငံ ဘာလီ ကျွန်း အနောက်တောင်ပိုင်း ပင်လယ်ပြင် တွင် ဇူလိုင် ၁၆ ရက် ၌ ပြင်းအား ၆.၀ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု နှင့်...
ဆစ်ဒနီ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ပါပူဝါနယူးဂီနီနိုင်ငံ၊ Kandrian ဒေသ ၏ မြောက်ဘက် ၂၅ ကီလိုမီတာ အကွာ တွင် ဇူလိုင် ၁၅ ရက် ၌ အင်အား ၆.၂ အဆင့် ရှိ ငလျင်တစ်ခုလှုပ်ရှား ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒဌာန ၏တိုင်းတာချက်အရ...
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံဘက်က ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၌မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာက ဇူလိုင် ၁၅ ရက် တွင် သတင်းဖော်ပြခဲ့သည်။
အော့တဝါ၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ်ရှိ Algonquin ပန်းခြံတွင် လာရောက်စခန်းချလည်ပတ်နေသော အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၂ ဦး ပျောက်ဆုံးနေသည်မှာ သုံးရက်ကြာနေပြီဖြစ်ကြောင်း အွန်တာရီယိုပြည်နယ် ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၄ ရက်တွင် ပြောကြားလိုက်သည်။