အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အကြမ်းဖက်ဆန့်ကျင်တိုက်ဖျက်ရေးဌာနနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုင်ငံ အရှေ့ပိုင်း Punjabပြည်နယ်တွင် ဒီဇင်ဘာ ၈ ရက်က အယ်လ်ကိုင်ဒါးအဖွဲ့ဝင် လက်နက်ကိုင် ၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆစ်ဒနီ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံတွင် ဒီဇင်ဘာ ၈ရက် ညပိုင်းက ကျင်းပသော ဂီတ နှင့် အက ပွဲတော်ကြီးတစ်ခုသို့ တက်ရောက်ခဲ့သော ဆယ်ကျော်သက် တစ်ဦး သေဆုံးပြီး အနည်းဆုံး လူ ၁၆ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း နှင့် ယင်းသို့ဖြစ်ရခြင်းမှာ ပွဲတော်အတွင်း...
မက်ဒရစ်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) စပိန်နိုင်ငံ အလယ်ပိုင်း Segovia မြို့ အနီးရှိ Fuentemilanos လေယာဉ်ကွင်း ၌ ဒီဇင်ဘာ ၈ရက်က ဂလိုက်ဒါ ၂စီး တိုက်မိခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်းအရေးပေါ်ဌာနက ဖော်ပြခဲ့သည်။
ပါရီ ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) စတုတ္ထအကြိမ်မြောက် ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာ ဖိုရမ်ကို ဒီဇင်ဘာ ၇ ရက်က ပြင်သစ်နိုင်ငံ ပါရီမြို့တွင်ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် ဟူချွန်းဟွာ(Hu Chunhua)၊ ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် ဟောင်း အနာဂတ်ဖန်တီးရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ...
ဆူဒန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံမြောက်ပိုင်း တွင် ရွှေတွင်းပြိုကျမှုကြောင့် ဒီဇင်ဘာ ၆ရက်နေ့ကတည်းက ပိတ်မိနေသော မိုင်းလုပ်သား ၁၀ ဦး ကို ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း ဆူဒန်နိုင်ငံ သဘာဝတွင်းထွက်အရင်းအမြစ် ကုမ္ပဏီ က ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ပါရီ ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံရှိ မြို့ပေါင်းများစွာ၌ ဖြစ်ပွားနေသော yellow vest (ရောင်ပြန်အဝါများဝတ်ဆင်ထားသောဆန္ဒပြမှု)တွင် မျက်နှာဖုံးတပ်လူငယ်များ နှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာ ၈ ရက်တွင် လူပေါင်း ၁၃၈၅ ဦး ဖမ်းဆီးထိန်းသိမ်းခံရကြောင်း နှင့် အခြား လူပေါင်း ၁၃၅...
ဝါရှင်တန် ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ယခုနှစ်ကုန်တွင် အိမ်ဖြူတော်အရာရှိချုပ် John Kelly ရာထူးမှ နုတ်ထွက်တော့မည်ဟု ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ခါတွန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) ဆူဒန်နိုင်ငံ မြောက်ပိုင်းတွင် ရွှေတွင်းပြိုကျမှုကြောင့် မိုင်းတွင်းလုပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးမှာ အတွင်း၌ ပိတ်မိနေခဲ့ကြောင်း ဆူဒန်နိုင်ငံ သတ္တုအရင်းအမြစ်များကုမ္ပဏီက ဒီဇင်ဘာလ ၈ ရက်ညနေပိုင်းတွင် ကြေညာလိုက်သည်။
ဆန်ဖရန်စစ္စကို၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Central Valley ဒေသမှ အမျိုးသမီးတစ်ဦးအား မိုတယ်တစ်ခုတွင် ၎င်း၏ အမွှာကလေးငယ်နှစ်ဦး ရေနစ်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရပြီးနောက် လူသတ်မှုဖြင့် အရေးယူခံရဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၆ ရက်တွင် ပြောကြားလိုက်သည်။
မွမ်ဘိုင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အန်ဒရာပရာဒတ်ပြည်နယ်ရှိ လူဦးရေ ၃.၃ သန်းခန့်အတွက် ဘေးကင်းစိတ်ချရသော သောက်သုံးရေ ရရှိရေးအတွက် အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) က ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။